မုံရွာတွင် ဆိုင်ကယ် ၂ စီး တိုက်မိပြီး လူတစ်ဦး သေဆုံး

မုံရွာတွင် ဆိုင်ကယ် ၂ စီး တိုက်မိပြီး လူတစ်ဦး သေဆုံး

မုံရွာ၊ နိုဝင်ဘာ ၁၄ ။        ။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမ၊ အမှတ်(၁၆)ခြေမြန်တပ်ရင်း၊ တပ်ဝင်ပေါက်ရှေ့တွင် ယနေ့ နိုဝင်ဘာ ၁၄ ရက်၊ ညနေ ၆ နာရီခွဲအချိန်ခန့်၌ ဆိုင်ကယ်ချင်း တိုက်မှုဖြစ်ပွား၍ လူတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ တပ်ဝင်ပေါက်ရှေ့တွင် ဗိုလ်ချုပ်လမ်းအတိုင်း မြောက်မှတောင်သို့ မနှင်းသီရိနိုင်(၁၈)နှစ် ခမရ(၁၆)မုံရွာမြို့နေသူမောင်းနှင်ပြီး နောက်ထိုင်အဖြစ် မိခင်ဖြစ်သူ ဒေါ်ဦးမာ(၄၂)နှစ် ၊ ခမရ(၁၆) မုံရွာမြို့နေသူတို့ မောင်းနှင်လာသော CZI 125 ဆိုင်ကယ်မှာ တပ်အတွင်းသို့ ချိုးကွေ့ဝင်ရောက်ရန်အတွက် အချက်ပြမီးပြသ၍ လမ်းအလယ်တွင် ရပ်တန့် စောင့်ဆိုင်းနေခဲ့သည်။

ထိုစဉ် ၄င်းလမ်းအတိုင်း တောင်မှမြောက်သို့ ကျော်ဇင်ထွန်း(၂၃)နှစ် ခံတောရပ်၊ အလုံရပ်ကွက် ၊ မုံရွာမြို့နေသူ မောင်းနှင်ပြီး နောက်ထိုင်အဖြစ် ရဲဝင်း (၂၂) လက်ပန်စုရွာ၊ ကနီမြို့နယ်နေသူ လိုက်ပါလာသော ဆိုင်ကယ်မှ ၄င်းရှေ့ရှိ ဆိုင်ကယ်တစ်စီးအား ကျော်တက်စဉ် အရှိန်မထိန်းနိုင်၍ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ ဆိုင်ကယ်နှစ်စီး တိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မျက်နှာချင်းဆိုင် ဆိုင်ကယ်နှစ်စီးတိုက်မှုကြောင့် ဒေါ်မာဦးတွင် နှာခေါင်းသွေးယို၊ယာနား/ယာနားထင်စုတ်ပြဲ၊ ဝဲချိုစောင်းဒဏ်ရာများ ရရှိ၍ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး မနှင်းသီရိနိုင်တွင် ယာနဖူးစုတ်ပြဲ၊ နှာခေါင်းသွေးထွက်၊ယာနဖူးစုတ်ပြဲ (သတိမရ) ဒဏ်ရာ၊ ကျော်ဇင်ထွန်းတွင် နဖူးပွန်းပဲ့၊ယာဒူးပွန်​း၊ဝဲလက်​ဖမိုး/မျက်​ခုံးပွန်​း/ခြေမျက်​စိပွန်​းဒဏ်ရာနှင့် ရဲဝင်​းဝ​ဲမျက်​ခုံးပွန်​း၊ယာပါးပွန်​း၊ဝဲနှာဖူးပွန်​း၊ယာဒူးပွန်​းဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး မုံရွာပြည်သူ့ဆေးရုံကြီးတွင် ဆေးကုမှုခံယူနေကြောင်း သိရသည်။

အဆိုပါ ယာဉ်အားမဆင်မခြင်မောင်းနှင်၍ တစ်ဖက်ယာဉ်ကြောသို့ ဝင်တိုက်ကာ ယာဉ်တိုက်မှုဖြစ်ပွားစေပြီး လူသေဆုံးသည်အထိ ဒဏ်ရာများရရှိစေသူ ကျော်ဇင်ထွန်းအား မုံရွာမြို့မရဲစခန်းတွင် ယာဉ်(ပ)၉၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၄ - က၊ ၃၃၈/၃၃၇ တို့ဖြင့် အမှုရေးဖွင့်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly