ညောင်ကျိုးစစ်ဆေးရေးဂိတ်တွင် WY/R ဆေးပြား သိန်း ၆၃ဝဝဝဖိုး ဖမ်းမိ

By မျိုးထွန်းနိုင်
14 November 2018
ညောင်ကျိုးစစ်ဆေးရေးဂိတ်တွင် WY/R ဆေးပြား သိန်း ၆၃ဝဝဝဖိုး ဖမ်းမိ
ဓာတ်ပုံ- ရဲဇာနည်

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ။         ။ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ ပန်းတောင်းမြို့နယ်၊ ပြည်-တောင်ကုတ်ကားလမ်းမိုင်တိုင်(၃၇/၃-၄)ကြား ညောင်ကျိုးစစ်ဆေးရေးတွင် WY/R စိတ်ကြွဆေးပြား ကျပ်သိန်း ၆၃ဝဝဝဖိုး ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၃ရက် ည ၈ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ ပန်းတောင်းမြို့နယ်၊ ပြည်-တောင်ကုတ်ကားလမ်းမိုင်တိုင်(၃၇/၃-၄)အကြားရှိ ညောင်ကျိုးစစ်ဆေးရေး ဂိတ်တွင် ပူးပေါင်းစစ်ဆေးရေး အဖွဲ့မှ တောင်ကုတ်မြို့သို့ ယာဉ်မောင်းဝင်းမောင်(ခ)အရှည်ကြီး(၃၃)နှစ်၊ရခိုင်/ဗုဒ္ဓ၊(ဖ)ဦးကျော်သိန်း၊ မြဝတီ မြို့တွင် နေထိုင်သူမောင်းနှင်၍ ဝင်းမြင့်(၄၀)နှစ်၊ ရခိုင်/ဗုဒ္ဓ၊ (ဖ)ဦးဂေါက်ရ၊ မြဝတီမြို့နယ် နေသူလိုက်ပါလာ သည့် MDY 4J/------ Mitsubishi ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းကြမ်းခင်းများကို အံဝှက် ပြုလုပ်၍ ပီနံအိတ် ၆ အိတ်ဖြင့်ထည့်ထားသည့် WY/R စာတမ်းပါ စိတ်ကြွဆေးပြား၁၈၀၀၀၀၀ ပြား( ၁ ပြားလျှင် ၃,၅၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးငွေကျပ် ၆၃,ဝဝဝသိန်း)တို့အားသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အတွက် ဥသျှစ်ပင်နယ်မြေရဲစခန်းမှ မူးယစ်(ပ)၂/၂၀၁၈၊ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly