တေးသံရှင်ကျော်ဇင်မင်းရဲ့ “မထင်ခဲ့သော” တေးအယ်လ်ဘမ်အသစ် ကိုမိတ်ဆက်

By စိုးသူအောင်
14 November 2018
တေးသံရှင်ကျော်ဇင်မင်းရဲ့ “မထင်ခဲ့သော” တေးအယ်လ်ဘမ်အသစ် ကိုမိတ်ဆက်

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ။          ။ တေးသံရှင် ကျော်ဇင်မင်းရဲ့ ဒုတိယမြောက် တေးစီးရီးဖြစ်တဲ့ “ မထင်ခဲ့သော” လို့နာမည်ပေးထားတဲ့ အယ်လ်ဘမ်အသစ်ကို ရန်ကုန်မြို့ အော်ခစ်(စ်) ဟိုတယ်မှာ နိုဝင်ဘာ ၁၄ ရက်နေ့က စတင်မိတ်ဆက်လိုက်ပါတယ်။

 “ ဒုတိယမြောက်တစ်ကိုယ်တော်အခွေ၊ မထင်ခဲ့သောဆိုတဲ့ အခွေဖြစ်ပါတယ်။ သီချင်းက စုစုပေါင်း (၁၀) ပုဒ်ပေါ့။ ဒါပေမယ့် ၁၀ ပုဒ်လုံးက ပရိသတ်ကြိုက်နိုင်မယ့် အဆွေးလေးတွေများပါတယ်။ ဒီအခွေကို ပိုပြီးအားရပါတယ်။ ဘာလို့ဆို ပထမအခွေတုန်းက အတွေ့အကြုံ သိပ်မရှိသေးတာရယ်။ လုပ်ချင်တာပဲ သိတာဆိုတော့လေ ဒုတိယအခွေကတော့ပိုပြီးအားရပါတယ်”  လို့ အဆိုတော် ကျော်ဇင်မင်းကပြောပါတယ်။

 

အဆိုပါ အယ်လ်ဘမ်မှာ တေးရေးတွေကတော့ အငဲ၊ ဖိုးကာ၊ ဟန်နေတာနဲ့ ခင်စုစုနိုင်အပါအဝင် တေးရေး ၇ ယောက်က ရေးပေးထားတာဖြစ်ပြီး သီချင်း ၁၀ ပုဒ်ပါဝင်တယ်လို့ သိရပါတယ်။ အဆိုပါ အယ်လ်ဘမ်ကို နိုဝင်ဘာ ၁၉ ရက်နေ့မှာ တစ်နိုင်ငံလုံးကိုဖြန့်ချိသွားမယ်လို့လည်းသိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly