နည်းပညာဆိုင်ရာ ဆရာများအဖွဲ့ချုပ်ညီလာခံ ကျင်းပမည်

By အောင်ကိုဦး
14 November 2018
နည်းပညာဆိုင်ရာ ဆရာများအဖွဲ့ချုပ်ညီလာခံ ကျင်းပမည်

မန္တလေး၊ နိုဝင်ဘာ ၁၄ ။                ။ နည်းပညာဆိုင်ရာ ဆရာများအဖွဲ့ချုပ် ပထမအကြိမ် ညီလာ ခံကို နိုဝင်ဘာ ၁၇ ရက်၊နံနက် ၉ နာရီမှစတင်၍ မန္တလေးနည်းပညာတက္ကသိုလ်၊ပင်မဆောင် စုဝေးခန်းမတွင် ပြုလုပ်သွားမည်ဟု နည်းပညာဆိုင်ရာ ဆရာများအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးကျော်ကျော်က မဇ္ဈိမကိုပြောသည်။

မြန်မာတစ်နိုင်ငံလုံးမှာရှိသည့် နည်းပညာတက္ကသိုလ်များ၊ကွန်ပျူတာ တက္ကသိုလ်များ၊အစိုးရ စက်မှုလက်မှု သိပ္ပံများ၊အစိုးရနည်းပညာ အထက်တန်းကျောင်းများ၊သုတေသနဌာနများ၊နည်းပညာနှင့်အကျုံးဝင်သည့် ဌာနများတွင် တာဝန်ထမ်းဆောင်သည့် ဆရာ၊ဆရာမများသည် ညီလာခံတွင် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားကြမည်ဖြစ်ကြောင်းသိရသည်။

"မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီတို့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတို့ အစိုးရစက်မှုလက်မှု သိပ္ပံ၊မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်တို့နဲ့ ပူပေါင်းဆောင်ရွက် သွားနိုင်ဖို့ လုပ်သွားမယ်။"ဟု  နည်းပညာဆိုင်ရာ ဆရာများအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးကျော်ကျော်ကပြောသည်။

အဆိုပါ ညီလာခံသို့ ပညာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊မြန်မာနိုင်ငံ အမျိုးသားပညာရေး မူဝါဒကော်မရှင် ဥက္ကဋ္ဌ စသည့် အဖွဲ့အစည်းပေါင်းစုံနှင့်လွှတ်တော်ကိုယ်စားလှယ်များလည်း တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly