မကွေး၊ ပေကုန်းကျေးရွာတွင် ၃ လောင်းပြိုင်လူသတ်မှု ဖြစ်ပွား

မကွေး၊ ပေကုန်းကျေးရွာတွင် ၃ လောင်းပြိုင်လူသတ်မှု ဖြစ်ပွား

မကွေး၊ နိုဝင်ဘာ ၁၄ ။           ။ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ဒန့်ဒလွန်ပင် အုပ်စု ပေကုန်းကျေးရွာတွင် နိုဝင်ဘာ ၁၃ရက်နေ့ ည ၁နာရီ အချိန်ခန့်က သားသမက်ဖြစ်သူက (သားမိသားဖ) ၃ယောက်လုံးကို ဓါးဖြင့်ခုတ်သတ်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ပေကုန်းကျေးရွာ ဦးခင်မောင်လှ၊ ဒေါ်တင်တင်ဝင်းတို့နှင့်အတူ သမီးဖြစ်သူ မမိုးမိုးမှာ နေအိမ်အတွင်း စကားပြောနေစဉ် မမိုးမိုး၏ ခင်ပွန်းဖြစ်သူ အေးလင်းသည် အရက်သေစာသောက်စားပြီး နေအိမ်သို့ ရောက်ရှိ လာကာ လင်မယားချင်းစကားများရန်ဖြစ်ရာမှ အေးလင်း ကိုင်ဆောင်လာသော တစ်ထောင့်ထွာခန့် ရှိသော ဓားမဖြင့် မိန်းမဖြစ်သူ မမိုးမိုးအား၏ လည်ပင်းအား ခုတ်ခဲ့ရာ လည်ပင်းပြတ်လုနီးပါးဒဏ်ရာဖြင့် အခင်းဖြစ်ရာ နေရာတွင် သေဆုံးခဲ့သည်။

ယင်းဖြစ်စဉ်ကို သေဆုံးသူ၏ ဖခင်ဖြစ်သူဦးခင်မောင်လှမှ ဝင်ရောက် တားမြစ်ခဲ့ရာ သားမက်ဖြစ်သူ အေးလင်းက ယောက္ခထီးဖြစ်သူ ဦးခင်မောင်လှ နှင့် ယောက္ခမ ဖြစ်သူ ဒေါ်တင်တင်းဝင်းတို့ကိုပါ ဓားမဖြင့် ခုတ်ခဲ့သောကြောင့် နေရာတွင် သားအဖ ၃ ဦးလုံး သေဆုံးခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ ဖခင်ဦးခင်မောင်လှနှင့် မိခင်ဖြစ်သူ ဒေါ်တင်တင်ဝင်း၊ အစ်မဖြစ်သူ မမိုးမိုးတို့၏ ညီမဖြစ်သူ မခိုင်ခင်ဦးက လူသတ်မှုကျူးလွန်သူ အေးလင်းအား ဥပဒေနှင့်အညီ အမှုဖွင့်အရေး ယူ ဆောင်ရွက်ပေးရန် တိုင်းတန်းခဲ့ရာ ဒန့်ဒလွန်ပင် နယ်မြေစခန်းမှ(ပ)၃၇/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly