နိုင်ငံပေါင်းစုံ MAS FIGHT ပြိုင်ပွဲတွင် အကောင်းဆုံးတွဲဆိုင်းဆုရ ဗျဂ္ဃအား ဂုဏ်ပြုပွဲ ပြုလုပ်

နိုင်ငံပေါင်းစုံ MAS FIGHT ပြိုင်ပွဲတွင် အကောင်းဆုံးတွဲဆိုင်းဆုရ ဗျဂ္ဃအား ဂုဏ်ပြုပွဲ ပြုလုပ်

နိုဝင်ဘာ ၁၄ ။           ။ တရုတ်နိုင်ငံ၊ မက္ကာအိုမြို့၌ နိုဝင်ဘာလ ၁၀ ရက်က ကျင်းပခဲ့သည့် ပထမဆုံးအကြိမ် နိုင်ငံပေါင်းစုံ MAS FIGHT ပြိုင်ပွဲတွင် အကောင်းဆုံး တွဲဆိုင်းဆုရရှိခဲ့သည့် ဗျဂ္ဃအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့ နိုဝင်ဘာ ၁၄ ရက်၊ နံနက်ပိုင်းက မန္တလေးမြို့၊၂၂ လမ်းနှင့် ၈၇ လမ်းထောင့်၊ မိုးဗြဲဘုန်းတော်ကြီးကျောင်းတိုက်ဝင်းအတွင်းရှိ ကျားဖြူ လက်ဝှေ့အသင်းတွင် ပြုလုပ်သည်။

မြန်မာနိုင်ငံမှ ဗျဂ္ဃသည် ပေါ်တူဂီနိုင်ငံသားနှင့်ယှဉ်ပြိုင်ခဲ့ပြီး အကောင်းဆုံး တွဲဆိုင်းဆုကို ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

MAS FIGHT ပြိုင်ပွဲသည် မြန်မာ့ရိုးရာလက်ဝှေ့နည်းစနစ်ကဲ့သို့ ထိုးသတ်ရပြီး ဝိတ်တန်း သတ်မှတ်ထားခြင်း မရှိသလို အမှတ်ပေးစနစ်လည်း မရှိ၊ အရှုံး အနိုင်၊သရေ ကို ၉ မိနစ် မနားတမ်းထိုးရသည်ဟု ၎င်းပြိုင်ပွဲသို့ အုပ်ချုပ်သူ အနေဖြင့် လိုက်ပါခဲ့သည့် ကျားဖြူလက်ဝှေ့ သင်တန်းမှ ဦးဒဿ က ပြောသည်။

"ကျွန်တော်တို့ ဒီပွဲက မြန်မာ့ရိုးရာလက်ဝှေ့ကို ကမ္ဘာက သိအောင် လုပ်လိုက်တဲ့ပွဲပဲ။"ဟု ဦးဒဿ က ပြောသည်။

အကောင်းဆုံး အတွဲဆိုင်းဆုရရှိခဲ့သည့် ဗျဂ္ဃက"ဒီပွဲ ယှဉ်ပြိုင်ရတာ အားရပါတယ်။"ဟု ယနေ့ပွဲတွင် ပြောသည်။

မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝေဇင် ယခုလို မျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ့အားကစားသမား များ ပေါ်ထွက်လာသည့်အတွက် ဂုဏ်ယူကြောင်းပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly