ထိုင်းနိုင်ငံအား ဖွံ့ဖြိုးဆဲ ရ၇ နိုင်ငံအဖွဲ့ ဦးဆောင်နိုင်ငံအဖြစ် ကုလတွင် သဘောတူထောက်ခံ

ထိုင်းနိုင်ငံအား ဖွံ့ဖြိုးဆဲ ရ၇ နိုင်ငံအဖွဲ့ ဦးဆောင်နိုင်ငံအဖြစ် ကုလတွင် သဘောတူထောက်ခံ

နယူးယောက်ခ်၊ စက်တင်ဘာ ၂၆ ။          ။ ထိုင်းနိုင်ငံတွင် လူ့အခွင့်အရေးဖိနှိပ်ချုပ်ခြယ်မှုများနှင့် ဒီမိုကရေစီအစိုးရတစ်ရပ် ပြန်လည်ပေါ်ထွန်းရေးအတွက် နိုင်ငံတကာမှ လူ့အခွင့်အရေးအုပ်စုများ ကတောင်းဆိုမှုများ ရှိနေသော်လည်း ၂၀၁၆-၂၀၁၇ ခုနှစ်အတွက် ဖွံ့ဖြိုးဆဲ ၇၇ နိုင်ငံများအဖွဲ့၏ ဦးဆောင်နိုင်ငံအဖြစ် ထိုင်းနိုင်ငံအား ကုလသမဂ္ဂတွင် စက်တင်ဘာ ၂၅ ရက်က ရွေးချယ်တင်မြှောက်လိုက် သည်။

ထိုင်းနိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရာတွင် ဦးဆောင်ကဏ္ဍမှ ပါဝင်သွားမည်ဟ အာမခံမှုကြောင့် အဖွဲ့ခေါင်းဆောင်နိုင်ငံအဖြစ် သဘောတူလိုက်ခြင်းဖြစ်သည်ဟု ဂျီ-၇၇ နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၏ ၃၉ ကြိမ်မြောက် အစည်းအဝေး အပြီးတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

“အခုလို သဘောတူညီရွေးချယ်မှုဟာ နိုင်ငံတကာအသိုင်းအဝိုင်းက ထိုင်းနိုင်ငံအပေါ် ယုံကြည်မှုပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံကဂျီ-၇၇ နိုင်ငံတွေ၊ အခြားကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအကြား မှာပေါင်းကူး ချိတ်ဆက် ပေးသွားပါမယ်” ဟု ၎င်းက ပြောကြားသည်။

ဂျီ-၇၇ အဖွဲ့၏ ဦးဆောင်နိုင်ငံအဖြစ် ရွေးချယ်ခံရမှုသည် ထိုင်းနိုင်ငံက လျှောက်ထားတင်ပြသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီယာယီအဖွဲ့ဝင်နိုင်ငံအဖြစ် ရွေးချယ်ခံရရန် အထောက်အပံ့ဖြစ်၊မဖြစ် မေးမြန်းမှုနှင့် ပတ်သက်၍ အထောက်အပံ့ဖြစ်နိုင်ကြောင်း ၎င်းက ပြန်လည်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် ၂၀၁၇-၂၀၁၈ ခုနှစ် ကုလသမဂ္ဂလုံခြုံရေးကောင်စီယာယီအဖွဲ့ဝင်နိုင်ငံဖြစ်ရန် ကြိုးပမ်းလျှက်ရှိပြီး မဲခွဲဆုံးဖြတ်မှုအား လာမည့်နှစ် စက်တင်ဘာလတွင်း ကျင်းပမည့် ၇၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly