အမေရိကန်မှာ ကစားသမားဘဝ အဆုံးသတ်မယ့် အင်္ဂလန်တိုက်စစ်မှူး ရွန်နီ

အမေရိကန်မှာ ကစားသမားဘဝ အဆုံးသတ်မယ့် အင်္ဂလန်တိုက်စစ်မှူး ရွန်နီ
Photo: EPA

အင်္ဂလန်တိုက်စစ်မှူး ဝိန်းရွန်နီက သူဟာ လက်ရှိ ဒီစီယူနိုက်တက်အတွက် ကစားပေးနေတဲ့ အမေရိကန်နိုင်ငံမှာ ကစားသမားဘဝကနေ အနားယူသွားမယ်လို့ အင်္ဂါနေ့က အတည်ပြု ပြောဆိုခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူးဟာ ကြာသပတေးနေ့မှာ အမေရိကန်အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် အင်္ဂလန်အသင်းနဲ့ သူ့ရဲ့ နောက်ဆုံးပွဲကို ပါဝင်ကစားဖို့ ရှိနေပါတယ်။ သူဟာ အဲဗာတန်နဲ့ မန်ယူအသင်းတို့မှာ ကစားစဉ်က အင်္ဂလန်အသင်းအတွက် ပွဲအများအပြား ကစားခဲ့သူဖြစ်ပါတယ်။ 

ရွန်နီက ဒီစီယူနိုက်တက်အသင်းကို စွမ်းဆောင်မှုအားလုံးပေးဖို့နဲ့ အမေရိကန်ဆီ သွားရောက်ဖို့ ဆုံးဖြတ်ချက်ခဲ့တာဖြစ်ပြီး သူဟာ ဥရောပမှာ ပြန်လည် ကစားလိမ့်မည်မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

သူဟာ ကြာသပတေးနေ့ ဝင်ဘလေကွင်းမှာ အမေရိကန်အသင်းနဲ့ ခြေစမ်းပွဲမှာ အင်္ဂလန်အသင်းအတွက် မိနစ်ဘယ်လောက်ကြာကြာ ကစားသွားမယ်ဆိုတာကိုတော့ ပြောဆိုခြင်း မရှိခဲ့ပါဘူး။ ဒီပွဲဟာ ရွန်နီရဲ့ လက်ရွေးစင်ကစားသမားဘဝ အသင်းနဲ့ ၁၂၀ ပွဲမြောက် ဖြစ်လာမှာဖြစ်ပါတယ်။

“ဒီပွဲဟာ ကျနော့်အတွက် ဝင်ဘလေကွင်းမှာ နောက်တစ်ကြိမ် ကစားတာဖြစ်လာမှာဖြစ်ပြီး အင်္ဂလန်အသင်းရဲ့ ဂျာစီဝတ်စုံးကို နောက်ဆုံးအကြိမ် ဝတ်ဆင်ခွင့်ရမှာမို့လို့ ခမ်းနားပါလိမ့်မယ်။ ဒါဟာ ကျနော့်ကို နောက်ဆုံး ၁၅ နှစ်ကျော် ထောက်ခံအားပေးမှုအားလုံးအတွက် ပရိသတ်တွေကို အဝေးရောက်နေတဲ့ ကျနော်က ကျေးဇူတင်စကား ပြောဆိုခွင့်ရရှိစေဖို့လည်းဖြစ်လာပါတယ်။”လို့ ရွန်နီက ပြောပြခဲ့ပါတယ်။

အဆိုပါခြေစမ်းပွဲဟာ လာမယ့် နိုဝင်ဘာ ၁၈ ရက် ဝင်ဘလေကွင်းမှာ ခရိုအေးရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် UEFA နေရှင်းလိဂ်အတွက် အင်္ဂလန်အသင်းရဲ့ ကြိုင်တင်ပြင်ဆင်တဲ့ပွဲဖြစ်ပါတယ်။

ရွန်နီဟာ နိုင်ငံလက်ရွေးစင်ဘဝ ပထမဆုံး ပွဲဦးထွက်ကို ၂၀၀၃ ခုနှစ်၊ ဖေဖော်ဝါရီလက အင်္ဂလန်က သြစတြေးလျကို ၃-၁ ဂိုးနဲ့ ရှုံးတဲ့ပွဲမှာ ကစားခဲ့ပါတယ်။ 

သူဟာ သွင်းဂိုး ၅၃ ဂိုးနဲ့ အင်္ဂလန်အသင်းရဲ့ ဂိုးအများဆုံးကစားသမားဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ သြဂုတ်လမှာတော့ နိုင်ငံလက်ရွေးစင်ကစားသမားအဖြစ်မှ အနားယူလိုပြီလို့ ကြေညာခဲ့ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly