မြန်မာအမျိုးသမီးအသင်းမှ အိန္ဒိယအသင်းကို နိုင်ကာ ခြေစစ်ပွဲတက်

By မဇ္ဈိမ
13 November 2018
မြန်မာအမျိုးသမီးအသင်းမှ အိန္ဒိယအသင်းကို နိုင်ကာ ခြေစစ်ပွဲတက်
ဓာတ်ပုံ-သူရ/မဇ္ဈိမ

နိုဝင်ဘာ ၁၃။            ။  အိန္ဒိယအသင်းကို အနိုင်ယူကာ မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည် အုပ်စုပထမဖြင့် ခြေစစ်ပွဲ ဒုတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

၂၀၂၀ အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမအဆင့်ခြေစစ်ပွဲ အုပ်(ဂ) အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ်  နိုဝင်ဘာ ၁၃ ရက်က ယှဉ်ပြိုင်ကစားခဲ့ပြီး အိမ်ရှင်မြန်မာအသင်းသည် အိန္ဒိယအသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရရှိကာ အုပ်စုပထမဖြင့် ခြေစစ်ပွဲ ဒုတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းအတွက် ဂိုးများကို ပွဲချိန် ၃ မိနစ်တွင် ဝင်းသိင်္ဂီထွန်း၊ ပွဲချိန် ၈၂ မိနစ်တွင် ငယ်ငယ်ထွေးတို့က သွင်းယူပေးခဲ့ပြီး အိန္ဒိယအသင်းအတွက် ချေပဂိုးကို ပွဲချိန် ၂၃ မိနစ်တွင် ရာတန်ဘလာက သွင်းယူပေးခဲ့သည်။

ထိုသို့ အုပ်စုပထမဖြင့် ခြေစစ် ပွဲအောင်မြင်ခဲ့ သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအား Max High Way Co., Ltd. Executive Director ဦးဆန်းလင်းဝင်းက ဆုငွေကျပ် သိန်း ၁၀၀ ချီးမြှင့်ခဲ့သည်။

မြန်မာအသင်းသည် အုပ်စု သုံးပွဲ ကစားပြီးချိန်တွင် နှစ်ပွဲ နိုင်၊ တစ်ပွဲ သရေ ရှုံးပွဲမရှိ ရမှတ် ခုနစ်မှတ် ဖြင့် အုပ်စုပထမရရှိခဲ့သည်။

အုပ်စုဒုတိယရရှိခဲ့သည့် အိန္ဒိယအသင်းသည် ခြေစစ်ပွဲ ဒုတိယ အဆင့်၊ နီပေါအသင်းသည် အုပ်စုတတိယရရှိကာ ဒုတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly