ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ခ် ချင်းမိုင်တွင် ယတြာချေ

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ခ် ချင်းမိုင်တွင် ယတြာချေ

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ခ်ရှင်နဝပ်ထရာအနေဖြင့် သူ၏အစိုးရလက်ထက်က လုပ်ဆောင်ခဲ့မှုများအတွက် တရားရင်ဆိုင်ရန် နီးကပ်လာသည့် အချိန်တွင် နိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ ဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ခု၌ စက်တင်ဘာ ၂၅ ရက်က လာရောက် ယတြာချေခဲ့ကြောင်း သိရသည်။

ယင်လတ်ခ်နှင့် ညီအစ်မနှစ်ဦးတို့သည် ဝပ်ဆရီဘွန်ရွန်ဘုရားတွင် အခမ်းအနားတစ်ခု သီးသန့်ကျင်းပကာ ယတြာချေခဲ့ခြင်းဖြစ်သည်။

မကောင်းသည့် ကံဆိုးများကို ပပျောက်စေရန်အတွက် ကျောင်းထိုင်ဘုန်းတော်ကြီး ဖရာခရူဆူသက်ဆစ်သီခွန်ရှေ့တွင် ဦးခေါင်းတော်မရှိသည့် ဖရာဆင်ဆင်းတုတော်အား ဦးခေါင်းတော် တပ်ပေးခဲ့သည်။

ထို့နောက် ဦးခေါင်းတပ်ပြီးသည့် အဆိုပါ ဆင်းတုတော်အား ပင့်ဆောင်ကာ တောင်ကုန်းပေါ်တွင် တည်ရှိသည့် ဝပ်ဖရာသတ်ဒွိုင်ဆူသက်ကျောင်းတော်မှ မဏ္ဍပ်အတွင်း ပူဇော်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ရှပ်နီအဖွဲ့ဝင်များ၊ ဖြူထိုင်းပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများလည်း တက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly