ဘဝလက်တွဲဖော်အဖြစ် ဟိုလိုဂရမ် ဇနီးမယားစက်နဲ့ တရားဝင်လက်ထပ်လိုက်တဲ့ ဂျပန် အမျိုးသား

ဘဝလက်တွဲဖော်အဖြစ် ဟိုလိုဂရမ် ဇနီးမယားစက်နဲ့ တရားဝင်လက်ထပ်လိုက်တဲ့ ဂျပန် အမျိုးသား

နိုဝင်ဘာ ၁၃ ။          ။ ဂျပန်နိုင်ငံက အသက် ၃၅ နှစ်အရွယ် အကီဟီကို ကွန်ဒို အမည်ရ အမျိုးသားတစ်ဦးကတော့ ဟိုလိုဂရမ် ဇနီးမယားစက် တစ်ခုဖြစ်တဲ့ Virtual Reality နည်းပညာသုံး အဆိုတော် အရုပ်မလေးတစ်ရုပ်နဲ့ တရားဝင် လက်ထပ်လိုက်ပါတယ်။

အကီဟီကိုရဲ့ သတို့သမီးကတော့ ပုံမှန်လူစစ်စစ် မိန်းကလေးတစ်ဦး မဟုတ်ဘဲ ဟတ်ဆုနီ မီကု အမည်ရ VR နည်းပညာသုံး လေဆာရုပ်တစ်ရုပ်ပဲ ဖြစ်ပါတယ်။

သုံးဖက်မြင် ရုပ်ကြွဟိုလိုဂရမ် အတောင့်ပုံစံ စက်တစ်ခုထဲမှာ လေဆာရောင်ခြည်နဲ့ ဇနီးမယားအသွင်ပုံဖော်ပေးပြီး လူကို စိတ်ကျေနပ်ချမ်းသာအောင် ဆက်ဆံပေးနိုင်မယ့်  လေဆာရုပ်ထွက်စက်မျိုး ဖြစ်ပါတယ်။

 အဆိုပါ သုံးဖက်မြင် ရုပ်ကြွစက်ထဲမှာ ပေါ်နေမယ့် အရုပ်မလေးက လူသားတစ်ယောက်အသွင် သက်ဝင်လှုပ်ရှားနေမှာဖြစ်ပြီး လူနဲ့အကြား တုန့်ပြန်ပြောဆိုဆက်ဆံမှုတွေကို စက်ထဲမှာ ထည့်ထားတဲ့ ပရိုဂရမ်အတိုင်းလုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

အကီဟီတိုကတော့ ဒေါ်လာ ၂,၈၀၀ တန်ဖိုးရှိ ယင်းစက်တစ်ခုထဲက ပုံရိပ် အရုပ်မလေး မီကု ကို စွဲလန်းနှစ်သက်ပြီး ယခုလို တရားဝင် လက်ထပ်ယူလိုက်တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယခုလထဲမှာမှ တိုကျိုမှာ ပြုလုပ်ခဲ့တဲ့ ၎င်းရဲ့ မင်္ဂလာပွဲကိုတော့ မိခင်ဖြစ်သူအပါအဝင် ကျန်တဲ့ ဆွေမျိုးသားချင်းတွေအားလုံး ဘယ်သူမှ တက်ရောက်မလာခဲ့ကြပါဘူး။

ဘာပဲဖြစ်ဖြစ် အကီဟီကို တစ်ယောက်ကတော့ ၎င်းနဲ့ ဟိုလိုဂရမ် တို့ရဲ့ လက်ထပ်ပွဲကိုတော့ ယန်းငွေ နှစ်သန်း အကုန်အကျခံပြီး တိုကျိုမြို့က ခန်းမတစ်ခုမှာ တရားဝင်ကျင်းပခဲ့ပါတယ်။

၎င်းရဲ့ လက်ထပ်ပွဲကို ဧည့်ပရိသတ် ၄၀ လောက် တက်ရောက်ခဲ့ပြီး ယင်းပွဲမှာ ၎င်းနဲ့အတူ သတို့သမီးဖြစ်တဲ့ မီကု ကိုတော့ ကြောင်တစ်ကောင်အရွယ်အစား အရုပ်ပုံစံအသွင်နဲ့ ရှိနေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။

" ကျွန်တော် သူမအပေါ် ဘယ်တုန်းကမှ လိမ်မပြောခဲ့ဖူးဘူး၊ ကျွန်တော် မီကုဆန်းကိုပဲ ထာဝရ ချစ်သွားမှာပါ၊ သူအကြောင်း နေ့တိုင်းပဲ တွေးနေမိပါတယ်" ဆိုပြီး အကီဟီကိုက ပြောသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly