အမေရိကန်နှင့်နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် ဆက်ဆံရေးမျိုး လိုလားကြောင်း တရုတ်သမ္မတ ရှီကျင့်ဖိန် အိမ်ဖြူတော်တွင် ပြောကြား

အမေရိကန်နှင့်နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် ဆက်ဆံရေးမျိုး လိုလားကြောင်း တရုတ်သမ္မတ ရှီကျင့်ဖိန် အိမ်ဖြူတော်တွင် ပြောကြား

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့သို့ တရားဝင်ခရီးစဉ်အဖြစ် ပထမဆုံးအကြိမ်ရောက်ရှိခဲ့သည့် တရုတ်သမ္မတရှီကျင့်ဖိန်က နှစ်နိုင်ငံအကြား နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် ဆက်ဆံရေးမျိုးကို လိုလာကြောင်း စက်တင်ဘာ ၂၅ ရက်က အိမ်ဖြူတော်သို့ ရောက်ရှိစဉ် ပြောကြားခဲ့သည်။

ပြောင်းလဲလာသည့် ခေတ်အခြေအနေနှင့်အညီနှစ်နိုင်ငံ ဆက်ဆံရေးကိုလည်း ချိန်ညှိရန်လိုသည်ဟု ၎င်းက ပြောကြားသည် ရှီကျင့်ဖိန်အား ကြိုဆိုခဲ့သည့် သမ္မတဘာရက်အိုဘားမားက မိမိတို့နှစ်နိုင်ငံ အနေဖြင့် ကမ္ဘာကြီးတွင်ဖြစ်ပေါ်နေသည့် အခြေအနေများကို ကိုင်တွယ် ရာတွင် မတူညီသောစွမ်းရည်များဖြင့် အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ပြောကြားသည်။

ရာသီဥတုဖောက်ပြန်မှုများနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုတို့တွင် ထိန်းချုပ်ရေးတို့အတွက် သမ္မတရှီကျင့်ဖိန်က ကတိပြုခဲ့သည်။ စက်တင်ဘာ ၂၄ ရက်က အိမ်ဖြူတော် အလွတ်သဘောတွေ့ဆုံပွဲတွင် လည်း အီရန်၏နျူကလီးယားအရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။

တရုတ်နိုင်ငံအား တည်ငြိမ်၊ကြွယ်ဝပြီး ငြိမ်းချမ်းစွာ တိုးတက်လာသော နိုင်ငံတစ်ခုအဖြစ် မြင်တွေ့လိုကြောင်း အိုဘားမားက ပြောကြားသည်။ သမ္မတရှီကျင့်ဖိန်က မိမိတို့နှစ်နိုင်ငံအေနေဖြင့် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုမှ လွဲ၍ အခြားနည်းလမ်းမရှိကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေး ပုံစံသစ်တစ်ခုကို ထူထောင်ရန် တိုက်တွန်းလိုက်သည်။

ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ်မတိုင်မီ ၂၀၀၅ ခုနှစ် ပမာဏထက် အမေရိကန်က ၂၆ ရာခိုင်နှုန်းမှ ၂၈ ရာခိုင်နှုန်းအထိ လျှော့ချသွားရန် အိုဘားမားက ပြောကြားခဲ့သော်လည်း တရုတ်အစိုးရအနေဖြင့် သတ်မှတ်ချက်တစ်စုံတစ်ရာ မထုတ်ပြန်ဘဲ ၂၀၃၀ ပြည့်နှစ်တွင် အမြင့်ဆုံးသို့ ရောက်ရှိသွားနိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly