တရုတ်နှင့် အမေရိကန် ဆိုင်ဘာရာဇဝတ်မှုများအရေး ကိုင်တွယ်ဖြေရှင်းရန် သဘောတူ

တရုတ်နှင့် အမေရိကန် ဆိုင်ဘာရာဇဝတ်မှုများအရေး ကိုင်တွယ်ဖြေရှင်းရန် သဘောတူ

ဆိုင်ဘာရာဇဝတ်မှုများကိုင်တွယ်ဖြေရှင်းရေးအတွက် အတူလုပ်ဆောင်မည်ဖြစ်ကြောင်း သမ္မတအိုဘားမားနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားလိုက်သည်။

အိမ်ဖြူတော်တွင် ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ဆိုင်ဘာစီးပွားရေးသူလျှိုလုပ်မှုများကို နှစ်နိုင်ငံစလုံးက လုပ်ဆောင်မည်မဟုတ်ကြောင်းကို သဘောတူညီခဲ့ကြကြောင်း သမ္မတအိုဘားမားက ပြောသည်။

တရုတ်နှင့် အမေရိကန်၏ ယခုသဘောတူညီမှုသည် ကုန်သွယ်ရေးလျှို့ဝှက်ချက်များ ခိုးယူခြင်းအပေါ်တွင်သာ သက်ရောက်မှုရှိပြီး အမျိုးသားလုံခြုံရေး သတင်းအချက်အလက်များ ခိုးယူခြင်းက အကျုံးဝင်မပါရှိပေ။

တရုတ်သမ္မတရှီကျင့်ဖျင်ကလည်း ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့လျှော့ချရေးကို ကန့်သတ်ထိန်းချုပ်ရန် ကတိကဝတ်ပြုခဲ့သည်။

အမေရိကန်ကို တရုတ်နိုင်ငံဖက်က ဆိုင်ဘာထွင်းဖောက်မှုများ မည်သည့်အရှိန်မြှင့်လုပ်ဆောင်မှုမျိုးကိုမဆို ဒဏ်ခတ်ပိတ်ဆို့မှုများ ဖြစ်ပေါ်စေမှာပင်ဖြစ်ကြောင်းလည်း သမ္မတ အိုဘားမားက ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly