ဂါဇာဖက်က ဒုံးကျည် အစင်း ၃၀၀ ကျော် ပစ်ခတ်၍ အစ္စရေးက လေကြောင်းထိုးစစ်ဖွင့်

ဂါဇာဖက်က ဒုံးကျည် အစင်း ၃၀၀ ကျော် ပစ်ခတ်၍ အစ္စရေးက လေကြောင်းထိုးစစ်ဖွင့်
A picture taken on November 12, 2018 shows a ball of fire above the building housing the Hamas-run television station al-Aqsa TV in Gaza City during an Israeli air strike. Photo: AFP

ဂါဇာစီးတီး၊ နိုဝင်ဘာ ၁၃ ။        ။ အစ္စရေးဟာ ဂါဇာစီးတီးမှာ ရှိတဲ့ ဟားမတ်စ်တို့ရဲ့ ပြည်တွင်းလုံခြုံရေးရုံးချုပ်ကို လေကြောင်းထိုးစစ်ဆင်ပြီး ဖျက်ဆီးဖြိုချပစ်လိုက်ပါတယ်။

တနင်္လာနေ့က ဆင်နွှဲခဲ့တဲ့ ဒီလေကြောင်းထိုးစစ်အတွင်းမှာ ပါလက်စတိုင်း သုံးဦးသေဆုံးသလို ဟားမတ်စ်ရဲ့ ရုပ်သံလွှင့်ရုံအဆောက်အအုံကိုလည်း ဖျက်ဆီးပစ်လိုက်ပါတယ်။

ဂါဇာကမ်းမြောင်ဖက်ကနေ အစ္စရေးပိုင်နက်ထဲ ဒုံးကျည်တွေ တရစပ်ပစ်ခတ်လာပြီးနောက်မှာ အစ္စရေးက ခုလို လေကြောင်းစစ်ဆင်တာပဲ ဖြစ်ပါတယ်။

ဒီအတွက် ပြန်လည်ဖြစ်ပွားလာတဲ့ ဒီတိုက်ခိုက်မှုတွေကြောင့် မတည်ငြိမ်မှုတွေ အဆုံးသတ်ရေး ကြိုးစားအားထုတ်မှုတွေကို  တုံ့ဆိုင်းသွားစေမှာလည်း ဖြစ်ပါတော့တယ်။ 

ခုတိုက်ပွဲတွေဟာ တနင်္ဂနွေနေ့က ဂါဇာကမ်းမြောင်မှာ  အစ္စရေးအထူးတပ်ဖွဲ့တွေ စစ်ဆင်ပြီးနောက်ပိုင်း ပေါ်ပေါက်ဖြစ်ပွားတာပဲ ဖြစ်ပါတယ်။ 

အစ္စရေးအထူးတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးဟာ ဟားမတ်စ်အဖွဲ့ကို ဒေါသူပုန်ထစေပြီး ဒုံးကျည်တွေ ပစ်ခတ်ရာက အစ္စရေးရဲ့ လက်တုံ့ပြန်လေကြောင်းထိုးစစ်ကို ရင်ဆိုင်ရတာပဲ ဖြစ်ပါတယ်။

တနင်္လာနေ့ နေ့လယ်ပိုင်းကနေ ညနေအထိ ဟားမတ်စ်ထိန်းချုပ်ထားတဲ့ နယ်မြေကနေ အစ္စရေးဖက်ကို ဒုံးကျည်တွေ ၃၀၀ ကျော်ထက်မနည်း ပစ်ခတ်လာတာကြောင့် ဒီစစ်သွေးကြွတွေရဲ့ တည်နေရာ ၇၀ ကျော်ကို လေကြောင်းထိုးစစ် ဖွင့်ခဲ့ရခြင်းဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly