ခင်ပွန်းဖြစ်သူကို ဖုန်းမက်ဆေ့ချ်ပို့သောအမျိုးသမီးအား ဇနီးက ဓားဖြင့်လာထိုးမှု ဖြစ်ပွား

ခင်ပွန်းဖြစ်သူကို ဖုန်းမက်ဆေ့ချ်ပို့သောအမျိုးသမီးအား ဇနီးက ဓားဖြင့်လာထိုးမှု ဖြစ်ပွား

မကွေး၊ နိုဝင်ဘာ ၁၂ ။          ။ ခင်ပွန်းဖြစ်သူ ကိုင်ဆောင်သည့် တယ်လီဖုန်းတွင် ဆက်သွယ်ထားသည့် စာမက်ဆေ့ချ်များ တွေ့ရှိသဖြင့် စာမက်ဆေ့ချ်ပေးပို့သူ အမျိုးသမီးကို ဇနီးဖြစ်သူက ဓားမြှောင်ဖြင့် လာထိုးမှုတစ်ခု မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ………..ကျေးရွာတွင် ဖြစ်ပွားခဲ့သည်။ 

ဖြစ်စဉ်မှာ ………ကျေးရွာတွင်နေထိုင်သူ အသက် ၂၅ နှစ်အရွယ်ရှိ အခြားကျေးရွာတွင် နေထိုင်သူ အသက် ၂၀ နှစ်ရှိ အမျိုးသမီးတစ်ဦးက နေအိမ်ဝိုင်းအတွင်း ဝင်ရောက်ပြီး ဓားမြှောင့်ဖြင့် ထိုးခဲ့ကြောင်း မြို့သစ်မြို့နယ်၊ ဒန့်ဒလွင်ပင်နယ်မြေရဲစခန်းမှ သိရသည်။ 

နိုဝင်ဘာလ ၁၀ ရက်နေ့၊ ညနေ ၃ နာရီအချိန်ခန်က ……….ကျေးရွာနေထိုင်သူ အမျိုးသမီးက မိခင်ဖြစ်သူနှင့် နေအိမ်အောက်ထပ်တွင် အတူရှိနေစဉ် နေအိမ်ရှေ့မှနေ၍ အသက် ၂ဝနှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး ဒ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း ရောက်ရှိလာသည်။ ထို့နောက် သားအမိအနက် မိခင်ဖြစ်သူအား သမီးဖြစ်သူ ဒီအိမ်မှာရှိသလားဟု မေးမြန်းသဖြင့် မိခင်ဖြစ်သူက သမီး မကျန်းမာ၍ နေအိမ်အောက်ကုတင်ပေါ်တွင် အိပ်နေကြောင်းပြောလိုက်သည်ဟု သိရသည်။ 

ဆိုင်ကယ်ဖြင့်ရောက်ရှိလာသောအမျိုးသမီးက ဆိုင်ကယ်ပေါ်မှ ဆင်း၍ အသင့်ပါလာသော အရိုးအသွား(၁၀)လက်မခန့် အနက်ရောင် ကော်ရိုးတပ်စတီးဓား ကိုင်ဆောင်ကာ သွားရောက်ချိန်ွင် အဆိုပါ အိပ်နေသူအမျိုးသမီး လန့်နိုးလာ၍ ရှောင်တိမ်းနိုင်ခဲ့သည်ဟု သိရသည်။

ထိုအမျိုးသမီးမှ ဓားဖြင့် ဆက်လက်ထိုးနေရာ ဓားဖြင့်အထိုးခံရသူ၏ မိခင်က အနီးပတ်ဝန်းကျင်အား အကူအညီတောင်းခံခဲ့ရာ တရွာတည်းနေသူများက ဝင်ရောက်ထိန်းသိမ်းခဲ့ပြီးနောက် မေးမြန်းခဲ့ရာမှ တယ်လီဖုန်းမက်ဆေ့ချ်များကြောင့် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

ထိုသို့ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဓားမြှောင်ဖြင့်ထိုးရန် ပြုလုပ်ခဲ့သူအမျိုးသမီးအား နိုဝင်ဘာလ ၁၀ ရက်၊ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် တိုင်တန်းမှုဖြစ်သဖြင့် ဒန့်ဒလွင်ပင်နယ်မြေရဲစခန်း (ပ)၃၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ-၄၅၂ အရ အမှုရေးဖွင့်ဆောင်ရွက်ပြီး အမှုအား ရဲအုပ် ကျားမောင်က စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly