Mr, Miss & Mrs Angel Queen Myanmar 2018 ပြိုင်ပွဲမှ ဆုရရှိသူများကို နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင် စေမည်

Mr, Miss & Mrs Angel Queen Myanmar 2018 ပြိုင်ပွဲမှ ဆုရရှိသူများကို နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင် စေမည်

နိုဝင်ဘာ ၁၂ ။            ။ Mr, Miss & Mrs Angel Queen Myanmar 2018 ပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး ဆုရရှိသူများကို နိုင်ငံတ ကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် ချိတ်ဆက်ပေးသွားမည် ဖြစ်ကြောင်း Angel Tkkk Co.,Ltd မှ ပွဲစီစဉ်သူ ဒေါ်တင်ကြူကြူခိုင် ကပြောသည်။

"အဲဒီမှာ Winner ရတဲ့သူတွေကို နိုင်ငံခြားမှာရှိတဲ့ ပြိုင်ပွဲတွေကို ရအောင်ချိတ်ဆက်ပြီးတော့ ပြိုင်ပွဲဝင်ချင်တဲ့သူ တွေကို ပြိုင်ပွဲဝင်ခွင့်ပေးမယ်။ ဒီပွဲတွေမှာလည်း အမှတ်ပေးစည်းမျဉ်းတွေ အကောင်းဆုံးနဲ့ ဘက်မလိုက်တမ်း မှန်မှန်ကန်ကန်ရွေးချယ်သွားပြီး ဆုပေးမှာပါ" ဟု ဒေါ်တင်ကြူကြူခိုင် ကပြောသည်။

အဆိုပါ ပြိုင်ပွဲနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၁၂ရက်နေ့က ရန်ကုန်မြို့ Sakura Tower တွင် စာနယ်ဇင်း မိတ်ဆက် ခြင်းအခမ်းအနား ပြုလုပ်ခဲ့ပြီး ပြိုင်ပွဲကို ဒီဇင်ဘာ ၂ရရက်တွင် Yangon International ဟိုတယ်တွင် ကျင်းပ သွားမည်ဖြစ်သည်။

"ဒီပွဲမှာပြိုင်ရမယ်ဆိုတော့ ပျော်လည်းပျော်ပါတယ်။ ကိုယ့်အတွက် လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေးတွေလည်း အကုန်လုံးအဆင်ပြေတယ်။ ဘာကြောင့်ဝင်ပြိုင်ဖြစ်လဲဆိုတော့ အတွေ့အကြုံတွေသာမက ဒီပွဲလေးကလည်း ပြိုင်ချင်အောင် စွဲဆောင်တာကြောင့် ပြိုင်ဖြစ်သွားတာပါ" ဟု ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် Miss တစ်ဦး ဖြစ်သည့် Aliceသျှား ကပြောသည်။

Mr နှင့် Miss ပြိုင်ပွဲဝင်များအတွက် အသက် ၁၆မှ ၁ရနှစ် သတ်မှတ်ထားပြီး အိမ်ထောင်ရှင်များကို ၂ဝမှ ၃၅နှစ်၊ ၃၆မှ ၄၅နှစ်၊ ၄၆မှ ၆ဝနှစ် အသီးသီးသတ်မှတ်ထားကြောင်း ပြိုင်ပွဲဝင်အရေအတွက် စုစုပေါင်း ၆ဝဦး သတ်မှတ် ထားသည်။

ယခုကျင်းပမည့် ပြိုင်ပွဲသည် Angel Tkkk Co.,Ltd မှ ဒုတိယအကြိမ်ကျင်းပသည့် ပြိုင်ပွဲဖြစ်ပြီး ပထမအကြိမ် တွင် အိမ်ထောင်ရှင်အမျိုးသမီးများအတွက်သာ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly