စာမကျက်၍ ဖခင်ဖြစ်သူ အော်ငေါက်သဖြင့် ၉ တန်းကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား

စာမကျက်၍ ဖခင်ဖြစ်သူ အော်ငေါက်သဖြင့် ၉ တန်းကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား

ရန်ကုန်၊ နိုဝင်ဘာလ ၁၂ ။          ။ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဇီးဖြူခင်ကျေးရွာတွင် စာမကျက်ဘဲ ဘောလုံးကစားနေသဖြင့် ဖခင်ဖြစ်သူက အော်ငေါက်ခဲ့သောကြောင့် အသက် ၁၆ နှစ်အရွယ် ၉ တန်းကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ ကျောင်သားဖြစ်သူအား နိုဝင်ဘာလ ၁ဝ ရက်၊ ည ၈ နာရီ ၃ဝ မိနစ်အချိန်ခန့်တွင် နေအိမ်အပေါ်ထပ်ရှိ အမြင့် ၇ ပေခန့်ရှိသော သစ်သားတန်းမှ လုံးပတ် ၂ မူးခန့် ရှိသည့် ပလတ်စတစ်ကြိုးဖြင့် ပြင်ပဒဏ်ရာမရှိဘဲ ကြိုးဆွဲချသေဆုံး နေလျှက်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယင်းသေဆုံးမှုနှင့် ပတ်သက်ပြီး လက်ရှိတွင် ညောင်ပင်သာနယ်မြေရဲစခန်း၌ သေမှုသေခင်း အမှတ်စဉ်(၈/ ၂ဝ၁၈)ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ စုံးစမ်းစစ်ဆေးချက်အရ ကြိုးဆွဲချသေဆုံးခဲ့သည့် ကျောင်းသားမှာ စာမကျက်ဘဲ ဘောလုံးကစား နေသဖြင့် ဖခင်ဖြစ်သူက အော်ငေါက်သည်ကို စိတ်ညစ်ပြီး ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း  ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly