၁၉၇၀ ခုနှစ်နောက်ပိုင်းမှ စတင်ရေးဆွဲခဲ့သော ပန်းချီကားတစ်ရာ ကို ပြပွဲပြုလုပ်

၁၉၇၀ ခုနှစ်နောက်ပိုင်းမှ စတင်ရေးဆွဲခဲ့သော ပန်းချီကားတစ်ရာ ကို ပြပွဲပြုလုပ်

ရန်ကုန်၊နိုဝင်ဘာ၁၂ ။         ။ Lifetime Memory လို့ အမည်ပေးထားသော ၁၉၇၀ ခုနှစ်နောက်ပိုင်းကစတင်ကာ ယခုနှစ်ပိုင်းအထိ ရေးဆွဲခဲ့သည့် ပန်းချီကားများကို စုစည်းကာ ပန်းချီပြပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ယင်းပြပွဲကို ရန်ကုန်မြို့ရှိ အလှသစ်အနုပညာပြခန်းတွင် နိုဝင်ဘာ ၁ဝရက်နေ့ကနေ နိုဝင်ဘာ ၁၅ရက်နေ့အထိ ပြသသွားမှာ ဖြစ်ပြီး ရေဆေး၊ ဆီဆေး၊ အခရိုက်လစ် စသည့် အမျိုးအစားများအပါအဝင် ပန်းချီကားပေါင်း ၁၀၀ ကိုပြသထားတာ ဖြစ်ပါတယ်။

ပြသထားသော ပန်းချီကားများကို ပန်းချီဆရာ ဦးသက်အောင် တစ်ဦးတည်းက ရေးဆွဲခဲ့သည့် လက်ရာများ ဖြစ်ပြီး ယခုလက်ရှိပြသထားသော ပန်းချီပြပွဲသည် ၁ဝကြိမ်မြောက် ပြသခြင်းလည်း ဖြစ်ပါတယ်။

" ပန်းချီပြပွဲက ပြဖြစ်တာက  ပန်းချီသက်တမ်းတစ်လျှောက်က ရေးထားတဲ့ဟာတွေကို အမှတ်တရအနေနဲ့ အသက်ကလည်း ၈၄၊ ၈၅ထဲရောက်ပြီဆိုတော့ ပြတာပါ။ပြီးတော့ ပန်းချီ မျိုးဆက်သစ်တွေလည်း အားကျ အောင်၊ ကြိုးစားလုပ်ကြဖို့ပါ။  "လို့ ပန်းချီဆရာ ဦးသက်အောင်  ပြောပါတယ်။

ပြသထားသော ပန်းချီကားများသည် စိတ်ခံစားမှုများအပြင် ပတ်ဝန်းကျင် ရှုခင်း အလှအပများနှင့်  သဘာဝ တရားများ၊ ရိုးရာဓလေ့ယဉ်ကျေးမှုများကို  အခြေခံရေးဆွဲထားခြင်းဖြစ်ပြီး ၄င်း၏ ပန်းချီသက်တမ်း တစ်လျှောက် ရေးဆွဲခဲ့သည့် ပန်းချီကားများကို အမှတ်တရဖြစ်စေရန် ယခုပြပွဲကို ပြုလုပ်ရခြင်းဖြစ်တယ်လို့ ဦးသက်အောင်က ဆိုပါတယ်။

"  REALISM လို့ခေါ်တဲ့ သဘာဝကို သဘာဝလိုမြင်တဲ့ ထပ်တူရေးဆွဲတဲ့ သဘာဝကားတွေ များတယ်။ ပြီးတော့ အဲဒီဘက်လဲ ပိုအားသာတယ်။ပြီးတော့ အင်ပရက်ရှင်လို့ခေါ်တဲ့ ရုတ်တရက်ရေးတာကိုတွေလဲ ပါတယ်။"လို့ ဦးသက်အောင်က ဆက်ပြောပါတယ်။

ယင်းပြပွဲတွင် ပြသထားသော ပန်းချီကားများကို စျေးနှုန်းအနေဖြင့်  အနည်းဆုံး ကျပ် ၅သောင်းမှ  အများဆုံး ကျပ် ၁၅ သိန်းအထိ သတ်မှတ်ထားကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly