စီးပွားရေး လုပ်ငန်းရှင်တစ်ဦးနဲ့ တွဲနေတဲ့ ကင်ဟာနူးလ်

စီးပွားရေး လုပ်ငန်းရှင်တစ်ဦးနဲ့ တွဲနေတဲ့ ကင်ဟာနူးလ်

တောင်ကိုရီးယား မင်းသမီးချော ကင်ဟာနူးလ်သည် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးနှင့် တွဲနေ ကြောင်းနှင့် စီးပွားရေး လုပ်ငန်းရှင်သည် ကင်ဟာနူးလ်ထက် အသက်တစ်နှစ် ငယ်ကြောင်း ၎င်း၏ အေဂျင်စီ SM C&C က မီဒီယာတစ်ခုကို စက်တင်ဘာ ၂၄ ရက်တွင် ပြောကြားသည်။

“သူတို့နှစ်ဦးဟာ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းသိတဲ့ သူတွေ ဖြစ် တယ်။သူတို့တွဲနေတာ တစ်နှစ် ကျော်နေပါပြီ။ သူတို့ လက်ထပ်ဖို့ ကိစ္စကိုတော့ တိတိကျကျ မပြော သေးပါဘူး။ သူတို့နှစ်ဦးရဲ့ဆက်ဆံရေးဟာ အရမ်းကို ပျော်ရွှင်စရာ ကောင်းပါတယ်” ဟု ကင်ဟာနူးလ် ၏ အေဂျင်စီက ပြောကြားသည်။

ကင်ဟာနူးလ်သည် သူငယ်ချင်း မိတ်ဆွေတစ်ဦး၏ မိတ်ဆက်ပေးမှုကြောင့် ရင်းနှီးခဲ့သည့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးနှင့် တွဲနေကြောင်း ကင်ဟာနူးလ်နှင့် ရင်းနှီးသော သူတစ်ဦး၏ ပြောကြား ချက်ကို ကိုးကား၍ မီဒီယာတစ်ခုက စက်တင်ဘာ ၂၄ ရက်တွင် ဖော်ပြသည်။

ကင်ဟာနူးလ်၏  ချစ်သူသည် စီးပွားရေးလောကတွင် အောင်မြင်နေသည့် စီးပွားရေး လုပ်ငန်း ရှင်တစ်ဦး ဖြစ်ပြီး သူ့မိသားစုသည်လည်း ငွေကြေးချမ်းသာ ကြွယ်ဝသည်။ ထို့အပြင် ကင်ဟာ နူးလ်၏ ချစ်သူသည် အရပ်ရှည်ပြီး အလွန်ကြည့်ကောင်းသူ တစ်ဦးဖြစ်ကာ နှစ်ဘက်မိသားစုသည်လည်း ၎င်းတို့နှစ်ဦး တွဲနေကြောင်း အတည်ပြု ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly