နိုင် / ကျဉ်းတို့ရဲ့ နားခိုရာ မြေသန့်မင်္ဂလာ အခမ်းအနားကျင်းပ

နိုင် / ကျဉ်းတို့ရဲ့ နားခိုရာ မြေသန့်မင်္ဂလာ အခမ်းအနားကျင်းပ

နိုဝင်ဘာ ၁၂ ။    ။ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ အုန္နဲပင်ကျေးရွာတွင် နိုင် / ကျဉ်းတို့ရဲ့ နားခိုရာ အဆောက်အဦများ ဆောက်လုပ်ရန်အတွက် မြေသန့်မင်္ဂလာ အခမ်းအနားကို နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီခွဲက ရွှေညဝါဆရာတော်ကြီးနှင့် ရွှေတွံတေး ဆရာတော်တို့ကို အမှူးထား၍ ပြုလုပ်ကြသည် ။

အဆိုပါအခမ်းအနားတွင် ဆရာတော်ကြီးနှင့် သံဃာတော်များမှ တက်ရောက်လာသူများကို ငါးပါးသီလချီးမြှင့်၍ မေတ္တာသုတ်နှင့် မြေသန့် (မြေနှုတ်) ကမ္မဝါ ဖတ်ကြားကာ ရေစက်ချပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည် ။

“ အာဏာရှင်စနစ်အမျိုးမျိုးကို ဆန့်ကျင်ခဲ့ကြသည့် နေထိုင်မှု အခက်အခဲရှိသော နိုင်ငံရေးအကျဉ်းသားဟောင်း များ နားခိုရန် ၊ ဒီမိုကရေစီရေး လူ့အခွင့်အရေး တိုက်ပွဲများအား ဂုဏ်ပြုရန် ၊ သမိုင်းအစဉ်အဆက် မျိုးဆက်များ အားသိရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် နိုင် / ကျဉ်းတို့ရဲ့ နားခိုရာ ကို စီစဉ်ဆောင်ရွက်ခြင်းဖြစ်တယ်” လို့ ဖြစ်မြောက်ရေးကော်မတီ၏ ပြန်ကြားရေးအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးသန်းဇော်မှ ပြောသည် ။

အခမ်းအနားကို လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ တက်ရောက်ကြပြီး နိုဝင်ဘာ ၂၅ ရက်နေ့တွင် ပန္နက်ရိုက် အခမ်းအနားက်ို အထင်ကရဆရာတော်ကြီးများ၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများ ၊ လက်ရှိဝန်ကြီးချုပ်များ နှင့် ၈၈ နို်င်ငံရေး အကျဉ်းသားဟောင်းများက ဆက်လက် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly