လိင်တူချစ်သူ လူ့အခွင့်အရေးကိစ္စ ဆွေးနွေးလိုကြောင်း တောင်းဆိုပြီးနောက် ပူတင်က အဲလ်တန်ဂျွန်ကို တွေ့ဖို့ ကမ်းလှမ်း

လိင်တူချစ်သူ လူ့အခွင့်အရေးကိစ္စ ဆွေးနွေးလိုကြောင်း တောင်းဆိုပြီးနောက် ပူတင်က အဲလ်တန်ဂျွန်ကို တွေ့ဖို့ ကမ်းလှမ်း

ရုရှသမ္မတ ဗလာဒီမာပူတင်သည် လိင်တူချစ်သူ အခွင့်ရေးကိစ္စ ဆွေးနွေးရန် ပေါ့ကြယ်ပွင့် အဲလ်တန်ဂျွန်ကို ဖုန်းဆက်ခဲ့ပြီး တွေ့ဆုံရန် ချိန်းဆိုခဲ့ကြောင်း ခရင်မလင် နန်းတော်၏ ထုတ်ပြန်ချက် အရသိရ သည်။ အဲလ်တန်ဂျွန်က လိင်တူချစ်သူ အခွင့်ရေး ကိစ္စအကြောင်းကို ရုရှသမ္မတနှင့် ဆွေးနွေး လိုကြောင်း ပြောကြားခဲ့သည်။

ပူတင်က ဆာအဲလ်တန်ဂျွန်နှင့် တွေ့ဆုံရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်းနှင့် အရေးပါ သော ကိစ္စရပ်များကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပူတင်က စက်တင်ဘာ ၂၄ ရက်တွင် ပြောကြား ခဲ့သည်ဟု ခရင်မလင် နန်းတော်၏ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဒီမီထရီပီဆိုဗ်က ပြောကြားသည်။

ရုရှနိုင်ငံသည် အသက် ၁၈ နှစ်အောက် လိင်တူချစ်သူများနှင့် စပ်လျဉ်း၍ တရားစွဲဆိုမှုဆိုင်ရာ ၂၀၁၃ ဥပဒေမူကြမ်း အပါအဝင် လိင်တူချစ်သူများအပေါ် ပြဋ္ဌာန်းထားသော ဥပဒေများအတွက် နိုင်ငံတကာ မှဝေဖန်မှုများကို ခံနေရသည်။

လိင်တူချစ်သူများအပေါ် ရူမြင်သော ရုရှသမ္မတ ပူတင်၏ သဘောထားသည် တစ်ဖက်သတ် ဆန်လွန်ပြီး မတရားသဖြင့်ရှိကြောင်း အယ်လ်တန်ဂျွန်က စက်တင်ဘာလ အစောပိုင်းက ဘီဘီစီကိုပြောကြား သည်။

ကျွန်တော်ကို နောက်ကွယ်ကနေ ဟားတိုက် လှောင်ရယ်ပြီး အရူးတစ်ယောက်လို့ ပြောဆိုမှု ရှိနေသော်လည်း ကျွန်တော် ရုရှသမ္မတနှင့် လိင်တူချစ်သူ အခွင့်အရေး ကိစ္စကို ဆွေးနွေးလိုကြောင်း အဲလ်တန်ဂျွန်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly