ကုန်းတွင်းဆိပ်ကမ်းစီမံကိန်း Yangon Dry Port ကို ရွာသာကြီးတွင် ဖွင့်လှစ်

ကုန်းတွင်းဆိပ်ကမ်းစီမံကိန်း Yangon Dry Port ကို ရွာသာကြီးတွင် ဖွင့်လှစ်

နိုဝင်ဘာ ၁၁ ။         ။ ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရာတွင် ယာဉ်ကြောပိတ်ဆို့မှုလျော့ချရန်နှင့် ကုန်ကျစရိတ်လျော့ချရန်အတွက် ရည်ရွယ်ပြီး ကုန်တွင်းဆိပ်ကမ်းစီမံကိန်း Yangon Dry Port ကို ရန်ကုန်မြို့၊ ရွာသာကြီးတွင် နိုဝင်ဘာ ၁၁ရက် တွင် ဖွင့်လှစ်ခဲ့သည်။

ယခုဖွင့်လှစ်သည့် ကုန်တွင်းဆိပ်ကမ်းသည် အမေရိကန်ဒေါ်လာ ၅၅သန်းဖြင့် နှစ် ၅၀ (BOT) စနစ်ဖြင့် လုပ် ဆောင်ခြင်းဖြစ်ကြောင်း KM Terminal and Logistics Limited အထွေထွေမန်နေဂျာ ဦးညီထွဋ် ကပြော သည်။

"ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၅၅သန်းပေါ့။ ရန်ကုန်မှာ သန်း ၄၀၊ မန္တလေးမှာဆိုရင် ၁၅ သန်းပေါ့။ စုစု ပေါင်း ရန်ကုန်နဲ့ မန္တလေး ဒေါ်လာ ၅၅သန်း ရင်းနှီးမြှုပ်နှံထားတယ်။ ကျွန်တော်တို့ အားလုံးပေါင်းနှစ် ၅၀ BOT လုပ်ကိုင်ခွင့်ရပါတယ်။ ပြီးလို့ အစိုးရက ခွင့်ပြုရင် နောက်ထပ် ၁ဝနှစ်၊ ၁ဝနှစ် နှစ်ခါ သက်တမ်းတိုးခွင့်ရပါမယ်" ဟု ဦးညီထွဋ်က ပြောသည်။

ကုန်းတွင်းဆိပ်ကမ်းမှ အပတ်စဉ် ကုန်တင်ရထား တစ်စင်းထွက်ခွာမည်ဖြစ်ပြီး ကုန်တွဲ ၁၅တွဲမှ ၂၇ တွဲ ပါဝင် ဖြစ်သည်။ လာမည့်နှစ်တွင် ကုန်ပစ္စည်းတင်ပို့မှု ပိုတိုးလာပါက တစ်ပတ်လျှင် ရထားနှစ်စင်းဖြင့် ပို့ဆောင် သွားရန် မျော်မှန်းထားသည်။

အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်မှ EXPORT / IMPORT ကုန်ပစ္စည်းများကို ကုန်တင်ရထားများဖြင့် တစ်ခေါက်လျှင် ကုန်သေတ္တာ CONTAINER အများအပြားကို သတ်မှတ်အချိန်အတွင်း အလေအလွင့်နည်းစွာ သယ်ယူပို့ဆောင်နိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly