ဘော့ဆွာနာမှာ ခြင်္သေ့လိုက်လို့ ထွက်ပြေးရင်း ကျွဲအကောင်ရေ ၄၀၀ ကျော် မြစ်ထဲ ရေနစ်သေဆုံး

ဘော့ဆွာနာမှာ ခြင်္သေ့လိုက်လို့ ထွက်ပြေးရင်း ကျွဲအကောင်ရေ ၄၀၀ ကျော် မြစ်ထဲ ရေနစ်သေဆုံး

နိုဝင်ဘာ ၁၁ ။            ။ ဘော့ဆွာနာနိုင်ငံမြောက်ပိုင်းက မြစ်တစ်မြစ်ထဲမှာ ကျွဲအကောင် ၄၀၀ ကျော် တစ်ပြိုင်နက်တည်း ရေနစ်သေဆုံးနေလျက် ရှိတာကို ယခုသီတင်းပတ်မှာ တာဝန်ရှိသူတွေ တွေ့ရှိခဲ့ရပါတယ်။

အဆိုပါ ကျွဲအကောင်ရေ ရာနဲ့ချီဟာ ခြင်္သေ့တွေ နောက်ကနေလိုက်လို့ ထွက်ပြေးရင်း ခုလိုမျိုး မြစ်ထဲမှာ အစုလိုက် အပြုံလိုက် ရေနစ် သေဆုံးသွားခဲ့ကြရတာ ဖြစ်နိုင်တယ်ဆိုပြီး ဘော့ဆွာနာအစိုးရက ကောက်ချက်ချထားပါတယ်။

နမီဘီးယားနဲ့ ထိစပ်နေတဲ့ နယ်စပ်နေရာက ချိုဘီ မြစ်ထဲမှာ ခုလိုမျိုး ကျွဲကောင်ရေ အမြောက်အမြား ရေနစ်သေဆုံးနေတာကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက် ညပိုင်းက တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ ခြင်္သေ့အုပ်စုရန် ကြောက်လို့ ထွက်ပြေးရင်း ကျွဲတွေ ခုလို အဖြစ်မျိုး ကြုံရတာဖြစ်နိုင်တယ်ဆိုပြီး ဘော့စ်ဆွာနာ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ယင်းဒေသမှာ ခုလိုမျိုး ကျွဲတွေ ရေနစ် သေဆုံးတာမျိုးက ယခင်ကလည်း ဖြစ်လေ့ဖြစ်ထ ရှိခဲ့တယ်ဆိုပေမယ့် ခုလောက်ထိ အကောင်ရေ အမြောက်အမြား တစ်ပြိုင်နက်တည်း သေဆုံးနေတာမျိုးကတော့ တစ်ခါမှ မဖြစ်ခဲ့ဘူးလို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly