ပထမကမ္ဘာစစ်ပြေငြိမ်းရေး စာချုပ် လက်မှတ်ရေးထိုးရာနေရာမှာ ပြင်သစ်နဲ့ ဂျာမနီ ခေါင်းဆောင်တွေ သမိုင်းဝင် ပြန်တွေ့ဆုံ

ပထမကမ္ဘာစစ်ပြေငြိမ်းရေး စာချုပ် လက်မှတ်ရေးထိုးရာနေရာမှာ ပြင်သစ်နဲ့ ဂျာမနီ ခေါင်းဆောင်တွေ သမိုင်းဝင် ပြန်တွေ့ဆုံ

နိုဝင်ဘာ ၁၁ ။              ။ လွန်ခဲ့တဲဲ့ ရာစုနှစ်တစ်စုအကြာတုန်းက ပထမကမ္ဘာစစ်ကြီးကို ရပ်ဆိုင်းစေခဲ့တဲ့ စစ်ပြေငြိမ်းရေး စာချုပ်လက်မှတ်ရေးထိုးခဲ့ရာ ပြင်သစ်မြောက်ပိုင်းက Compiegne မြို့ကို နိုဝင်ဘာ ၁၀ ရက်မှာ ပြင်သစ်နဲ့ ဂျာမနီ ခေါင်းဆောင်တွေ သွားရောက်ခဲ့ပြီး သမိုင်းဝင် တွေ့ဆုံခဲ့ကြပါတယ်။

ပထမကမ္ဘာစစ် ပြေငြိမ်းရေးအတွက် မဟာမိတ်အင်အားစုတွေနဲ့ ဂျာမနီတို့ အကြား ၁၉၁၈ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှာ အဆိုပါ မြို့လေးမှာပဲ ရန်လိုမှုတွေ အဆုံးသတ်ရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တဲ့အတွက် ယနေ့ဆိုရင်  ပထမကမ္ဘာစစ်ပြီးဆုံး နှစ်တစ်ရာ ပြည့်မြောက်သွားပြီ ဖြစ်ပါတယ်။

အဆိုပါ သမိုင်းဝင် နေရာကိုတော့ နိုဝင်ဘာ ၁၀ ရက်မှာ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နဲ့ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျယ်လာ မာကဲလ် တို့ ပြန်လည်သွားရောက်လည်ပတ်ပြီး သမိုင်းဝင် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒါဟာ ဂျာမနီ ခေါင်းဆောင်တစ်ဦးအနေနဲ့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ယင်းနေရာကို ပထမဆုံးအကြိမ် သွားရောက်တာလည်း ဖြစ်ပါတယ်။

ယခုလို ပထမကမ္ဘာစစ် ပြီးဆုံးခြင်း နှစ်တစ်ရာပြည့် အထိမ်းအမှတ်အခမ်းအနားတွေကိုတော့ ပြင်သစ်မှာ ကျင်းပနေပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အပါအဝင် ကမ္ဘာတစ်ဝှမ်းက ခေါင်းဆောင်တွေလည်း တက်ရောက်လာခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly