အရေးပေါ်ဆေးကုသမှုဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးဟောပြောပွဲ ရန်ကင်းဆေးရုံတွင်ပြုလုပ်

အရေးပေါ်ဆေးကုသမှုဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးဟောပြောပွဲ ရန်ကင်းဆေးရုံတွင်ပြုလုပ်
ရှင်သန်ရေး ကူညီမှုအသင်း Yangon Rescue Team ၏ နိုင်ငံတကာ အဆင့်မှီ အရေးပေါ် အသက်ကယ်ဆယ်ရေး သင်တန်း သင်တန်းဆင်းပွဲနှင့် လက်တွေ့သရုပ်ပြပွဲကို ဇွန်လ ၂၉ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ကန်တော်ကြီး (ဗိုလ်ချုပ်ကြေးရုပ် အနောက်ဖက်) တွင် ပြုလုပ်နေစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္စျိမ)

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ။           ။ မြန်မာနိုင်ငံတွင် အရေးပေါ်ဆေးကုသခြင်းနည်းပညာများ ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အရေးပေါ် ဆေးကုသမှုဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး ဟောပြောပွဲကို ရန်ကုန်မြို့ရှိ ရန်ကင်းကလေး ဆေးရုံ တွင်ပြုလုပ်နေသည်။

နိုဝင်ဘာ ၁၀ ရက်နေ့က ပြုလုပ်သည့်အဆိုပါပွဲတွင် အမေရိကန်၊ ကိုရီးယား၊ ဂျပန်နိုင်ငံက ဆရာဝန်များအပြင် မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများမှ အရေးပေါ်ကုသမှု ဆေးပညာဆိုင်ရာ ဆရာဝန်များ တက်ရောက်ဟောပြော ခဲ့ကြသည်။

“ ကျွန်တော်တို့ရဲ့အခြေအနေကတော့ တိုးတက်တယ်။ ဒါပေမယ့်လို့ တစ်နိုင်ငံလုံးပေါ့ လူထုအားလုံးအတွက် တိုးတက်ပျံ့နှံ့မှုတော့ မရှိသေးဘူး။ ရန်ကုန်နဲ့ မန္တလေး နေပြည်တော်မှာတော့ Emergency ရုံးတွေ လုပ်ထား တယ်။ ရန်ကုန်ဆိုရင်လည်းမြို့ကအကြီးကြီး ရန်ကုန်ဆေးရုံကြီး (YGH) ပတ်ဝန်းကျင်က လွဲလို့ ကျန်တဲ့နေရာ တွေမှာမရှိသေးဘူး။ တဖြည်းဖြည်းနဲ့ လုပ်ဖို့အများကြီးလိုပါသေးတယ်” ဟု ပွဲစီစဉ်သူဖြစ်သော အရေးပေါ် ကုသမှုဆေးပညာဆိုင်ရာအထူးကုဆရာဝန် ဒေါက်တာထူးမောင်အုန်းကပြောသည်။

မြန်မာနိုင်ငံတွင် အရေးပေါ်ဆေးကုသမှုဆိုင်ရာများဖွံဖြိုးတိုးတက်လာစေရန် နိုင်ငံတော်နှင့် ပုဂ္ဂလိက တာဝန်ရှိသူများမှ ကြိုးစားနေကြသော်လည်း အများကြီးလိုအပ်နေသေးကြောင်း ၄င်းကဆိုသည်။

အရေးပေါ်ထိခိုက်ဒဏ်ရာရရှိသည်ဖြစ်စေ၊ အရေးပေါ်ကုသမှုလိုအပ်သည်ဖြစ်စေ မလုပ်ပေးနိုင်ပါက မလိုအပ်ဘဲ အသက်များ ဆုံးရုံးရသောကြောင့် ဖွံ့ဖြိုးတိုးတက်လာရန် အရေးကြီးကြောင်း အဆိုပါပွဲတွင် တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။

 “ မြန်မာနိုင်ငံရဲ့ အရေးပေါ်ဆေးဝါးကုသမှုအခြေအနေက ပထမဆုံးအဆင့်မှာပဲ ရှိနေပါသေးတယ်။ အရေးပေါ်ဆေးဝါးဆိုတာက ဆေးဘက်ဆိုင်ရာကုသမှု အရေးပေါ်ခံယူဖို့ လိုနေတဲ့လူတွေအတွက်။ မိနစ်ပိုင်း ဒါမှမဟုတ် နာရီပိုင်းအတွင်းမှာပေါ့။ သူတို့သေရင်လည်း သေသွားနိုင်တယ်။ ဒုက္ခိတဖြစ်ရင်လည်း ဖြစ်သွား နိုင်တယ်။ မတော်တဆကားတိုက်ခံရတာ၊ နှလုံးရောဂါထဖောက်လာတာမျိုးတွေပေါ့။ ဗိုက်အရမ်းအောင့်နေတဲ့ လူတွေ၊ အသက်ရှူကြပ်နေ တဲ့လူတွေ၊ ဖျားနေတဲ့ကလေးတွေ၊ ရောဂါကြောင့် သွေးထွက်လွန်နေတဲ့ အမျိုး သမီးတွေ၊ ပြီးတော့ တခြားရောဂါလက္ခဏာတွေလည်း အပါအဝင်ပေါ့။ ဒီတော့ အရေးပေါ်ဆေးကုသမှုလုပ်ဖို့ နည်းစနစ်တစ်ခုလိုတယ်။ ဒါကြောင့် ကျွန်တော်တို့က အရေးပေါ်ဆေးကုသမှုအတွက် လိုအပ်တဲ့ နည်းစနစ်ကို ချပြဖို့ ဒီကိုရောက်နေတာပါ” ဟု American Academy of emergency medicine (AAEM) မှBoard of Director Mr.Terrence Mulligan ကဆိုသည်။

ထို့အပြင် ဆေးကုသခြင်းဆိုင်ရာပညာရပ်များ ဖွံ့ဇြိုးတိုးတက်လာစေရန် ဝန်ကြီးဌာနမှ မှန်ကန်ဖြောင့်မှတ်သော နည်းဥပဒေများဖြင့် ပုဂ္ဂလိက လုပ်ကိုင်သူများ ကိုခွင့်ပြုပေးသင့်ကြောင်းလည်း အဆိုပါပွဲတာဝန်ရှိသူများက ပြောသည်။

အရေးပေါ်ဆေးကုသမှုဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး ဟောပြောပွဲကို နိုဝင်ဘာ ၁၀ ရက်မှာ ၁၁ နေ့ထိ ၂ ရက်ကြာပြုလုပ်မည်လည်းဖြစ်ကြောင်း အဆိုပါဟောပြောပွဲများကို ၂၀၁၅ ခုနှစ်တွင်စတင်ပြုလုပ်ခဲ့ပြီး ယခု ကျင်းပနေသည့် ၂၀၁၈ ခုနှစ်အထိဆိုပါက ၄ ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required