ကယ်လီဖိုးနီးယားတောမီးမှှာ လူငါးဦး သေဆုံးပြီး တစ်သိန်းခွဲကျော် ဘေးလွတ်ရာ ရွှေ့ပြောင်း

ကယ်လီဖိုးနီးယားတောမီးမှှာ လူငါးဦး သေဆုံးပြီး တစ်သိန်းခွဲကျော် ဘေးလွတ်ရာ ရွှေ့ပြောင်း

နယူးယောက်၊ နိုဝင်ဘာ ၈။           ။ အမေရိကန်အနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ်အနှံ့ ပြင်းထန်ဆိုးဝါးတဲ့ တောမီးများလောင်ကျွမ်းမှုမှာ လူငါးဦး သေဆုံးခဲ့ပြီဖြစ်ပြီး ဘေးလွတ်ရာ ရွှေ့ပြောင််းရတဲ့ လူပေါင်း တစ်သိန်းခွဲ ရှိနေကြောင်း သိရပါတယ်။

ခု တောမီးဟာ မြန််မြန်ဆန်ဆန် ကူးစက်လောင်ကျွမ်းနေတာကြောင့် နာမည်ကြီး အပန်းဖြေမြို့ လာလီဘူကို ရောက်ရှိလာမှှာ စိုးရိမ်နေရပါတယ်။

သေဆုံးသူတွေဟာ ပြည်နယ်အနောက်ပိုင်း ပါရာဒိုက်စ်မြို့က ဖြစ်ပြီး မီးဘေးက လွတ်အောင် ကားမောင်းပြေးကြရင်း သေဆုံးကြရတာဖြစ်ပြီး မြို့နေပြည်သူ ၂၆၀၀၀ စလုံးကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အမိန့်ထုတ်ထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

“ကနဦး စုံစမ်းမှုတွေအရတော့ သေဆုံးသူတွေဟာ ကားအတွင်းမှာ သေဆုံးကြတာဖြစ််ပါတယ်။ ကားမောင်းပြေးပေမယ့် မီးကနေ မလွတ်ဘဲ သေဆုံးတာ ဖြစ်ပါတယ်။”လို့့ စီရင်စုရုံးတာဝန်ရှိသူက ပြောပြီး သေဆုံးသူတွေ မည်သူမည်ဝါဖြစ်ကြောင်း မစိစစ်ရသေးဘူးလို့လည်း ဆိုပါတယ်။

ပျောက်ဆုံးနေသူဦးရေဟာ ဒါဇင်များစွာ ရှိနေကြောင်း သိရပါတယ်။

လေပြင်း တိုက်ခိုက်နေတာကြောင့််လည်း တောမီးကူးစက်မှု ပိုဆိုးဝါးပြီး နယ်မြေ ဧက ၂၀၀၀၀ မီးလောင်ကျွမ်းပါတယ်။ ပါရာဒိုက်စ်မြို့မှာဆို အိမ်ခြေရာပေါင်းများစွာ၊ ဆေးရုံတစ်ရုံနဲ့ ဂတ်စ်အရောင်းဆိုင်တစ်ဆိုင်၊ စားေသောက်ဆိုင်တွေနဲ့ ကားတွေအများအပြား မီးလောင်ကျွမ်းပျက်စီးကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly