ထိုင်းစစ်အစိုးရကို ထိုးနှက်တဲ့ ရက်ပ်မြူးစစ်ဗီဒီယို ယူကျူ့မှာ ရေပန်းစား

ထိုင်းစစ်အစိုးရကို ထိုးနှက်တဲ့ ရက်ပ်မြူးစစ်ဗီဒီယို ယူကျူ့မှာ ရေပန်းစား
Photo: EFE_EPA

ဘန်ကောက်ပို့စ်၊ နိုဝင်ဘာ ၈ ။     ။ ထိုင်းနိုင်ငံအတွင်း အကျင့်ပျက်ခြစားမှု၊ တန်းတူညီမျှမှု မရှိခြင်းနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရှိတာတွေကို အဓိကစပ်ဆိုထားတဲ့ ရက်ပ်မြူးစစ်ဗီဒီယိုဟာ ယူကျု့မှာ ကြည့််ရှုသူ ၃၁ သန်းကျော်နဲ့ ရေပန်းစားလျက်ရှိပါတယ်။

ထိုင်းစစ်အစိုးရအတွက် စိတ်ဆိုးဒေါသထွက်စရာ ဖြစ်နေတဲ့ ဒီဗီဒီယိုသီချင်းထဲမှာ  ၂၀၁၄ က အာဏာသိမ်းပြီး သဘောထားကွဲလွဲသူတွေနဲ့ ယှဉ်ပြိုင်ဖက်တွေကို ဖြိုခွင်းမှုတွေ လုပ်ဆောင်နေတဲ့ စစ်အစိုးရကို တော်တော်လေး ဝေဖန်ထိုးနှက်ထားတာ ဖြစ်ပါတယ်။

“ငါတို့ လည်မျိုကို သေနတ်နဲ့ ထောက်ခံထားရတဲ့ နိုင်ငံ၊ လွတ်လပ်တယ်ဆိုပြီး ရွေးချယ်စရာ မရှိတဲ့ ဒီနိုင်ငံ”စတဲ့ ရက်ပ်စာသားတွေနဲ့ ဒီသီချင်းကို Rap Against the Dictatorship အာဏာရှင်ကို ဆန့်ကျင်တဲ့ ရက််ပ်ဆိုတဲ့ ထိုင်းဂီတပညာရှင် ဆယ်ဦးပါ အဖွဲ့က သီကုံးစပ်ဆိုထားတာ ဖြစ်ပါတယ်။

လူသိရှင်ကြား ပြောခွင့်မရတဲ့ အယူအဆတွေကို ထည့်သွင်းစပ်ထားတဲ့ ဒီသီချင်းကို ထိုင်းမှှာ ပြည်သူအများအပြား ဖြန့်ဝေကြတာအတွက် ပျော်ရွှင်ရပြီး ဒီသီချင်းဟာ ထိုင်းပြည်သူတွေကြား စီးဆင်းနေပြီလို့ ဒီဂီတအဖွဲ့က ဂျက်ကိုဘွိုင််ဆိုသူက အီးပီအေသတင်းကို ပြောပါတယ်။

ဒီရက်ပ်ပါအုပ်စုဟာ ထိုင်းစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ တု့ံဆိုင်းနေတာကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ပြီး ရက်ပ်စာသားတွေနဲ့ ထိုးနှက်ထားပါတယ်။

“အရပ်သားအစိုးရကို ကျွန်တော် လိုချင်တယ်။ ရွေးကောက်ပွဲကနေပြီး ထိုင်းပြည်သူတွေ တင်မြှောက်တဲ့ အစိုးရကို လိုလားတယ်။ ခုပဲ စတင်ကြပါစို့။”လို့ ရက်ပ်ပါဖြစ်တဲ့ ဂျက်ကိုဘွိုင်က ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly