Myanmar National League 2019 ဘောလုံးရာသီသစ်အတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပ

Myanmar National League 2019 ဘောလုံးရာသီသစ်အတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပ
Photo: MNL

MPT Myanmar National League 2019 ဘောလုံးရာသီသစ်အတွက် ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၉ ရက်က သုဝဏ္ဏဘောလုံးကွင်း ပထမထပ််ရှိ အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးမှာ ၂၀၁၉ မြန်မာနေရှင်နယ်လိဂ်-၁ ပြိုင်ပွဲနဲ့ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲများအတွက် ပွဲစဉ်ဇယား(Fixture)ကို ကလပ်အသင်းများနဲ့ ညှိနှိုင်း အတည်ပြုရေးဆွဲခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင် ၂၀၁၉ မြန်မာနေရှင်နယ်လိဂ်ဘောလုံးရာသီသစ်အတွက် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်း (Regulation)နဲ့ ပတ်သက်လို့ ဆွေးနွေးပြီး ရာသီသစ်ရဲ့ ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းမှာ အပိုဒ်တချို့ကို အနည်းငယ် ထပ်မံဖြည့်စွက်ခဲ့တယ်လို့ သိရပါတယ်။

MPT Myanmar National League 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပထမအကျော့ကို ဇန်နဝါရီ ၁၂ ရက်မှာ စတင်မှာဖြစ်ပြီး မေ ၁၂ ရက်မှာ ပထမအကျော့ ပြီးဆုံးမှာဖြစ်ပါတယ်။ ဒုတိယအကျော့ကိုတော့ ဇွန် ၁၅ ရက်မှာ စတင်မှာဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်မှာ ပြီးဆုံးမှာဖြစ်ပါတယ်။

အလားတူ MPT Myanmar National League II 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲကို လာမယ့် ဖေဖော်ဝါ ရီ ၈ ရက်မှာ စတင်မှာဖြစ်ပြီး ဇူလိုင် ၂၇ ရက်မှာ ပြီးဆုံးမှာဖြစ်ပါတယ်။

Ref; MNL

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly