ဆူဇူကီးဖလားပြိုင်ပွဲအတွက် မြန်မာလက်ရွေးစင်အသင်း လူစာရင်းကို နိုဝင်ဘာ ၁၁ တွင် ထုတ်ပြန်မည်

ဆူဇူကီးဖလားပြိုင်ပွဲအတွက် မြန်မာလက်ရွေးစင်အသင်း လူစာရင်းကို နိုဝင်ဘာ ၁၁ တွင် ထုတ်ပြန်မည်
Photo: MFF

၂၀၁၈ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းကို နိုဝင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်မှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ မြန်မာ့လက်ရွေးစင်အသင်းဟာ ဆူဇူကီးဖလားပြိုင်ပွဲအတွက် မန္တလေးမြို့မှာ လေ့ကျင့်ပြင်လျက်ရှိရာ နိုဝင်ဘာ ၉ ရက် ညပိုင်းကလည်း လေ့ကျင့်ခန်း အစီအစဉ်များကို ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

မြန်မာအသင်းအနေနဲ့ နိုဝင်ဘာ ၁၂ ရက်၊ ည ၆ နာရီမှာ အုပ်စုံအဖွင့်ပွဲအဖြစ် မန္တလေးမြို့၊ မန္တလာသီရိကွင်းမှာ ကမ္ဘောဒီးယားအသင်းနဲ့ ှယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

မြန်မာနှင့် ကမ္ဘောဒီးယားအသင်းတို့ရဲ့ ဆူဇူကီးဖလားပွဲအစဉ်အတွက် လက်မှတ်များကို ဗထူးကွင်း၊ မြန်မာဘောလုံး အကယ်ဒမီ (မန္တလေး)နှင့် Central Point Shopping Mall တွေမှာ နေ့စဉ် မနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ လက်မှတ်ကောင်တာများ ဖွင့်လှစ်ရောင်းချပေးနေတဲ့အပြင် မန္တလေးမြို့တွင်း လက်ကမ်းစာစောင်များ လိုက်လံဝေငှနေတဲ့ လှုံ့ဆော်ရေး ယာဉ်တန်းမှာလည်း ဝယ်ယူရရှိနိုင်ပါတယ်။

Ref; MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly