မန်စီးတီးတိုက်စစ်မှူး စတာလင် အသင်းနဲ့ ၃ နှစ် စာချုပ်သက်တမ်းတိုး

မန်စီးတီးတိုက်စစ်မှူး စတာလင် အသင်းနဲ့ ၃ နှစ် စာချုပ်သက်တမ်းတိုး
Photo: Man City

စတာလင်ဟာ မန်စီးတီးအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၃၀၀,၀၀၀ နဲ့ ၂၀၂၃ ခုနှစ်အထိရှိနေမယ့် ၃ နှစ်သက်တမ်းတိုး စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် အင်္ဂလန် တိုက်စစ်မှူးရဲ့ လက်ရှိစာချုပ်ဟာ လာမယ့်ရာသီအကုန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

အခုချုပ်ဆိုလိုက်တဲ့ စာချုပ်သစ်က စတာလင်ကို ပရီးမီးယားလိဂ်မှာ အင်္ဂလန်ကစားသမားများထဲက လုပ်ခလစာ အများဆုံးရရှိတဲ့ ကစားသမားဖြစ်လာစေမှာဖြစ်ပါတယ်။

“စာချုပ်သစ်ချုပ်နိုင်ခဲ့တဲ့အတွက် ကျနော် ဝမ်းသာကျေနပ်မိပါတယ်။ ဒီအသင်းမှာ ကျနော့်ရဲ့ တိုက်တက်မှုက မယုံနိုင်စရာပါပဲ။ ဒီမှာ ရှိနေတဲ့ အချိန်တိုင်း ကျနော်ဟာ မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုကို ရွေးချယ်နိုင်ခဲ့တယ်လို့ ခံစားရပါတယ်။ ကျနော် အရမ်းပျော်ရွှင်နေပါတယ်။”လို့ စတာလင်က ပြောခဲ့ပါတယ်။

စတာလင်ဟာ ၂၀၁၅ ခုနှစ်က လီဗာပူးလ်အသင်းကနေ မန်စီးတီးဆီ ပေါင် ၄၉ သန်းနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ဒီရာသီမှာ အသင်းအတွက် ၇ ဂိုး သွင်းယူထားပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ကာရာဘောင်ဖလား (လိဂ်ဖလား)တို့ ရရှိခဲ့ရာမှာလည်း စတာလင်က အသင်းအတွက် ၂၃ ဂိုးထိ သွင်းယူပေးခဲ့ပါတယ်။

အင်္ဂလန်အသင်းအတွက် ၄၆ ပွဲပါဝင်ကစားထားတဲ့ စတာလင်ဟာ ပြီးခဲ့တဲ့လက စပိန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲမှာ အသင်းအတွက် ၂ ဂိုးသွင်းယူခဲ့ပြီး ၎င်းဂိုးတွေဟာ ၃ နှစ်အကြာမှာ သူ့ရဲ့ ပထမဆုံး နိုင်ငံတကာသွင်းဂိုးလည်းဖြစ်ပါတယ်။

စီးတီးအားကစားဒါရိုက်တာ ဘီဂီရစ်စတိန်းက “ကလပ်အတွက် ဒါဟာ အရေးပါတဲ့အခိုက်အတန့်တစ်ခုပါပဲ။ စတာလင်ဟာ ပြီးခဲ့တဲ့ ၂ ရာသီအတွင်းမှာ များစွာတိုးတက်ခဲ့ပြီး အခုအချိန်မှာတော့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်ကစားသမားတွေထဲက တစ်ဦးဖြစ်နေပါပြီ။ သူက လျင်မြန်တယ်။ သန်မာပြီး ဂိုးရှေ့မှာလည်း အကောင်းဆုံးစွမ်းဆောင်နိုင်တယ်။ လက်ရှိဘောလုံးကရဲ့ တိုက်စစ်ကစားသမားတစ်ဦးမှာ လိုအပ်တဲ့အရာအားလုံးကို ပိုင်ဆိုင်ထားသူပါ။”လို့ ပြောဆိုသွားခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly