မကွေးတွင် အနယ်နယ် အရပ်ရပ်မှ ဒေသထွက်ကုန်များကို ပြသရောင်းချမည်

မကွေးတွင် အနယ်နယ် အရပ်ရပ်မှ ဒေသထွက်ကုန်များကို ပြသရောင်းချမည်

မကွေး၊ နိုဝင်ဘာ ၉ ။            ။ မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် တိုင်းနှင့်ပြည်နယ် (၁၄) ခုမှ ဒေသထွက်ကုန်များ ခင်းကျင်းပြသ ရောင်းချပွဲကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ်(၁၄)ခုမှ ဒေသထွက်ကုန်တွေ ခင်းကျင်းပြသရောင်းချတဲ့ပွဲကို မကွေးမြို့မှာ နိဝင်ဘာ ၁၆ရက်ကနေ နိဝင်ဘာ ၁ရရက်နေ့အထိ ပြုလုပ်သွားပါမယ်” ဟု မကွေးတိုင်းဒေသကြီး အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သိန်းက ပြောသည်။

အဆိုပါပြပွဲကို နိုဝင်ဘာလ ၁၆ နှင့်၁၇ ရက်တို့တွင် မကွေးမြို့၊ ဗိုလ်ချုပ်ပန်းခြံနှင့် လွတ်လပ်ရေးကျောက်တိုင် ပန်းခြံနှစ်ခုကြားရှိ လမ်းသွယ်ကြားတွင် ဆိုင်ခန်းများဖြင့် ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ပြီး မကွေးတိုင်း ဒေသကြီး အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာန(SME)နှင့် SIYB Myanmar (ILO) တို့၏ GEW ကမ္ဘာ့စွန့်ဦးတီထွင်သူများမှ ပူးပေါင်းကျင်းပမည်ဖြစကြောင်း သိရသည်။

"ဒေသထွက်ကုန်များခင်းကျင်းရောင်းချပွဲပြုလုပ်ရတဲ့ရည်ရွယ်ချက်က SME လုပ်ငန်းတွေအောင်မြင်ဖို့နဲ့ စျေးကွက်ရရှိဖို့ ပြီးတော့ လုပ်ငန်းရှင်အချင်းချင်းချိတ်ဆက်မိပြီး လုပ်ငန်းတွေပိုမိုတိုးတက်ဖို့ ရည်ရွယ်ဆောင်ရွက် တာပါ” ဟု ဒေါ်မြင့်မြင့်သိန်းက ပြောသည်။

၎င်းကုန်စည်ပြပွဲတွင် စီးပွားရေးလုပ်ငန်းရှင်းများအနေဖြင့် စီးပွားရေးအသိပညာရရှိရေးအတွက် ဆွေးနွေးပွဲများ ဟောပြောပွဲများ ပါဝင်ပြီး ကုန်စည်ပြပွဲပြီးသည့်နေ့တွင် အမှိုက်ကင်းစင် ကမ်ပိန်းကိုလည်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ကုန်စည်းပြပွဲတွင် ခင်းကျင်းပြသရောင်းချလိုသည့်လုပ်ငန်းရှင်များအနေနှင့် (၁၀)ပေပတ်လည် စားပွဲခုံနှင့် လျှပ်စစ်မီး ဆင်ပြီး တစ်ခန်း နှစ်ရက်စာအတွက်(၁၂၀၀၀၀)ကျပ်ပေးဆောင်ရမည်ဖြစ်ကြောင်း ယင်းကုန်စည် ပြပွဲအတွက် စျေးရောင်းချမည့်ဆိုင်ခန်းပေါင်း(၁၅၀)ခန့်ရှိနိုင်ပြီး လာရောက်အားပေးကြသူများအနေဖြင့် အနယ်နယ် အရပ်ရပ်မှ ဒေသထွက်ကုန်မျိုးစုံကို စျေးနှုန်းမှန်ဖြင့် ဝယ်ယူနိင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly