Fantastic Beasts: The Crimes of Grindelwald ရုပ်ရှင်ကားအကြိုမိတ်ဆက်ပွဲ ပါရီမြို့တွင်ကျင်းပ

Fantastic Beasts: The Crimes of Grindelwald ရုပ်ရှင်ကားအကြိုမိတ်ဆက်ပွဲ ပါရီမြို့တွင်ကျင်းပ

နိုဝင်ဘာ ၉ ။             ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ၊ ၈ ရက်က ပြင်သစ်နိုင်ငံ၊ ပါရီမြို့၊ UGC Cine Cite Bercy ရုပ်ရှင်ရုံမှာ Fantastic Beasts: The Crimes of Grindelwald ရုပ်ရှင်ကားအကြိုမိတ်ဆက်ပွဲကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါရုပ်ရှင်ကားအကြိုမိတ်ဆက်ပွဲမှာ ဇာတ်ညွှန်းရေးသူ စာရေးဆရာမ ဂျေကေရောင်းလ်လင်းနဲ့အတူ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ အက်ဒီရတ်မိန်း၊ ဂျု့ဒ်လောနဲ့ အက်စ်ရာမီလာတို့ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

နာမည်ကျော်ရုပ်ရှင်မင်းသားကြီး ဂျော်နီဒက်ပ်ဟာ အဆိုပါမှော်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပေမယ့် ရုပ်ရှင်ဇာတ်ကား အကြိုမိတ်ဆက်ပွဲကို တက်ရောက်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

Fantastic Beasts: The Crimes of Grindelwald ရုပ်ရှင်ကားဟာ ၂၀၁၆ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ Fantastic Beasts and Where to Find Them ရုပ်ရှင်ကားရဲ့ အဆက်ဖြစ်ပြီး Fantastic Beasts ရုပ်ရှင်စီးရီးရဲ့ ဒုတိယမြောက်ရုပ်ရှင်ကားဖြစ်ပါတယ်။

နာမည်ကျော် စာရေးဆရာမ ဂျေကေရောင်းလ်လင်းရဲ့ ဟယ်ရီပေါ်တာရုပ်ရှင်စီးရီးအပြီးမှာ ဆက်လက်ရိုက်ကူးတင်ဆက်ခဲ့တဲ့ Fanstic Beasts ရုပ်ရှင်စီးရီးမှာလည်း ဟယ်ရီပေါ်တာရဲ့ အငွေ့အသက်တွေ ပါဝင်လျက်ရှိနေပါတယ်။

ဟယ်ရီပေါ်တာဇာတ်ကားတွေ ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဒေးဗစ်ရိတ်စ်ဟာ Fantastic Beasts ဇာတ်ကားတွေကိုပါ ဆက်လက်ရိုက်ကူးနေတာဖြစ်ပါတယ်။

Beasts: The Crimes of Grindelwald ရုပ်ရှင်ဇာတ်ကားကို လာမယ့် နိုဝင်ဘာလ၊ ၁၆ ရက်မှာ ကမ္ဘာတစ်ဝန်း ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly