ရခိုင်ပြည်နယ်ဝန်ကြီးချုပ် စီးနင်းလာသည့်ယာဉ် တိမ်းမှောက်မှုဖြစ်ပွား

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် စီးနင်းလာသည့်ယာဉ် တိမ်းမှောက်မှုဖြစ်ပွား

ရန်ကုန်၊ နိုဝင်ဘာ ၉ ။              ။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုစီးနင်းလာသည့်ယာဉ်သည် နေပြည်တော်အစည်းအဝေးတစ်ခုမှ စစ်တွေသို့အပြန်တွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

“ လူတော့အထိအခိုက်မရှိပါဘူး။ မြောက်ဦးဟိုတယ်နားလောက်မှာပါ။ နေပြည်တော်မှာ ညနေ ၇ နာရီလောက်မှာ SEZ အစည်းအဝေးသွားတက်တာပါ။ မနက် ၅ နာရီမှာ SEZ လက်မှတ်ထိုးပြီး ပြန် အလာမှာဖြစ်တာပါ” ဟု ဦးညီပု၏ ကိုယ်ရေးအရာရှိ ကိုကျော်ခင်ကပြောသည်။

နေပြည်တော်မှ စစ်တွေသို့ နံနက် ၇ နာရီလောက်စတင်ထွက်ခွာလာပြီး မြောက်ဦးကိုအဖြတ် နိုဝင်ဘာ ၉ ရက်နေ့နံနက် ၅ နာရီခန့်တွင် ယာဉ်မတော်တဆဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

ဖြစ်စဉ်မှာ ယာဉ်မောင်းနှင်လာစဉ် မြောက်ဦးဟိုတယ်အနီးရှိ တံတားတစ်စင်း၏ အောက်ကို ယာဉ်မောင်း အိပ်ငိုက်၍ ထိုးဆင်းသွားခြင်း ဖြစ်ကြောင်းလည်းသိရသည်။

အဆိုပါယာဉ်ပေါ်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပါအဝင် ၄င်း၏ ကိုယ်ရေးအရာရှိ ကိုကျော်ခင်နှင့် ယာဉ်မောင်း တစ်ဦးတို့ပါရှိပြီး ယာဉ်မောင်းသာ အနည်းငယ်ဒဏ်ရာရသွားကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly