ကယ်လီဖိုးနီယားအရက်ဘားအား ဝင်ရောက်ပစ်ခတ်ခဲ့သူ ကိုယ့်ကိုယ်ကို သတ်သေသွား

ကယ်လီဖိုးနီယားအရက်ဘားအား ဝင်ရောက်ပစ်ခတ်ခဲ့သူ ကိုယ့်ကိုယ်ကို သတ်သေသွား

နိုဝင်ဘာ ၉ ။             ။ ယမန်နေ့က ကယ်လီဖိုးနီးယားတောင်ပိုင်း၊ ဗန်ကျူရာစီရင်စု၊ တောင်စန်အုတ်စ်မြို့ရှိ ဘော်ဒါလိုင်းအရက်ဘားမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ ရဲအရာရှိနှင့် တိုက်ခိုက်စဉ် သူ့ကိုယ်သူ သတ်သေသွားတယ်လို့ သိရပါတယ်။

အဆိုပါပစ်ခတ်မှုမှာ ၁၂ ဦးသေဆုံးခဲ့ပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့ရာ ၂ ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုကျူးလွန်ခဲ့တဲ့ တရားခံဟာ အသက် ၂၈ နှစ်ရှိ အီယန်ဒေးဗစ်လောင်း၊ ရေတပ်စစ်ဗိုလ်ဟောင်းတစ်ဦးဖြစ်ကြောင်း မျက်မြင်သက်သေဖြစ်တဲ့ ဒင်းန်က ထွက်ဆိုခဲ့ပါတယ်။

အီယန်ဒေးဗစ်လောင်းဟာ စိတ်ရောဂါဝေဒနာရှင်တစ်ဦးဖြစ်နေတဲ့အတွက် ဥပဒေနဲ့ငြိစွန်းတဲ့ တခြားပြစ်မှုတွေကို ကျူးလွန်ခဲ့ဖူးပေမယ့် ကြီးမားတဲ့ပြစ်ဒဏ်ချမှတ်ခံရတာမျိုး မရှိခဲ့ကြောင်း ဒင်းန်က ဆက်ပြောပါတယ်။

တရားခံ အီယန်ဒေးဗစ်လောင်းမသေခင်က ၎င်းရဲ့အမေနဲ့ အတူနေထိုင်ခဲ့တဲ့ နယူးဗာရီဗာ့ခ်မြို့၊ ဗန်ကျူရာစီရင်စုရှိ အိမ်မှာလည်း အာဏာပိုင်တွေက ဝင်ရောက်စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရှိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ၊ ၈ ရက်နေ့ညက အီယန်ဒေးဗစ်လောင်းဟာ ဘော်ဒါလိုင်းအရက်ဘားအပြင်ဘက်က အစောင့်တွေကို ပစ်ခတ်ခဲ့ပြီး ဧည့်သည်တွေကို ဝင်ရောက်ပစ်ခတ်နေစဉ် ရဲအရာရှိတစ်ဦးနဲ့ ရင်ဆိုင် တိုက်ခိုက်ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly