စပိန်ဝန်ကြီးချုပ်ကို လုပ်ကြံသတ်ဖြတ်မယ်လို့ WhatsApp မှာ ကြွေးကြော်ခဲ့သူကို ဖမ်းဆီး

စပိန်ဝန်ကြီးချုပ်ကို လုပ်ကြံသတ်ဖြတ်မယ်လို့ WhatsApp မှာ ကြွေးကြော်ခဲ့သူကို ဖမ်းဆီး

မက်ဒရစ်၊ နိုဝင်ဘာ ၈ ။           ။ စပိန်ဝန်ကြီးချုပ်ဖြစ်သူကို လုပ်ကြံသတ်ဖြတ်မယ်လို့ ရေးသားဖော်ပြတဲ့ လုံခြုံရေးအစောင့်တစ်ဦးကို သူကိုယ်ပိုင်စုဆောင်းထားတဲ့ လက်နက်အမြောက်အမြားနဲ့ ရဲက နိုဝင်ဘာ ၈ ရက်မှာ ဖမ်းဆီးလို်က်ပါတယ်။

မက်ဒရစ်မြို့ရဲ့ အနီး ကြီးမားထည်ဝါတဲ့ ဂူဗိမာန်ကြီးမှာ မြုပ်နှံထားရှိတဲ့ လက်ယာစွန်း စစ်အာဏာရှင်ဟောင်း ဖရန်ကိုရဲ့ ရုပ်အလောင်းတွေကို တူးဖော်ဖယ်ရှားမယ့် အစိုးရရဲ့ အစီအစဉ်အပေါ် လက်တုံ့ပြန်ပြီး ဝန်ကြီးချုပ် ပီဒရိုဆန်ချက်ဇ်ကို လုပ်ကြံသတ်ဖြတ်ဖို့ ရည်ရွယ်ထားသူကို ဖမ်းဆီးခဲ့ရတာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဘာစီလိုနာမြို့ မြောက်ဖက် ၁၈ မိုင်လောက်က တာရာဆာမြို့မှာ အသက် ၆၃ နှစ်အရွယ် မန်နျူရယ်မူရီလိုကို ကက်တလန်ဒေသရဲဌာနက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သူဟာ ဝန်ကြီးချုပ် ဆန်ချက်ဇ်ကို သတ်ဖြတ်ဖို့ စီစဉ်ထားတယ်လို့ လူမှုမီဒီယာဖြစ်တဲ့ WhatsApp မှာ ရေးသားဖြန့်ဝေခဲ့တာပါ။

မြို့တော်ရဲ့ မြောက်ဖက် တောင်ထူထပ်ရာမှာ တည်ရှိတဲ့ ကြီးမားတဲ့ ဧရာမဂူဗိမာန်ကြီးဖြစ်တဲ့ Valley of the Fallen ကနေ ဖရန်ကိုရဲ့ ရုပ်အလောင်းကို စပိန်အစိုးရက ဖယ်ရှားဖို့ စီစဉ်နေတာဖြစ်ပါတယ်။

“ခုဖမ်းလိုက်သူဟာ စပိန်အစိုးရအဖွဲ့ အကြီးအကဲ ပီဒရိုဆန်ချက်ဇ်ကို သတ်ဖြတ်ဖို့ လိုလားနေသူပါ။ သူအိမ်မှာ ကိုယ်ပိုင်လက်နက်သိုက် ရှိနေပြီး ခုတော့ ထောင်ချထားပါတယ်။”လို့ ရဲတပ်ဖွဲ့က တွစ်တာကနေ ဖော်ပြပါတယ်။

ရက်စက်တဲ့ စစ်အာရှင်စနစ်ကနေ ဒီမိုကရေစီကူးပြောင်းတဲ့ စပိန်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု အကူအပြောင်းမှာ နှစ် ၄၀ ကြာ သဘောထားကွဲလွဲနေစေတဲ့ အကြောင်းချင်းရာဖြစ်တဲ့ အာဏာရှင် မားကို့စ် (၁၈၉၂-၁၉၇၅) ရဲ့ ရုပ်အလောင်းကို တူးဖော်ရေးကို ဆန်ချက်ဇ်ရဲ့ ဆိုရှယ်လစ်ပါတီအစိုးရက စီစဉ်စိုင်းပြင်းနေတာပဲ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly