ဒုက္ခသည် နေရပ်ပြန်ပို့ရေးကိစ္စမှာ မြန်မာကို ကူညီနိုင်မယ့် နည်းလမ်းတွေ စင်ကာပူ ရှာဖွေနေ

ဒုက္ခသည် နေရပ်ပြန်ပို့ရေးကိစ္စမှာ မြန်မာကို ကူညီနိုင်မယ့် နည်းလမ်းတွေ စင်ကာပူ ရှာဖွေနေ
Phyo - Hein KYAW / AFP

နိုဝင်ဘာ ၇ ။                ။ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်ကနေတဆင့် မူလနေရပ် ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်မှာ မြန်မာအစိုးရကို ကူညီနိုင်မယ့် နည်းလမ်းတွေကို စင်ကာပူက ရှာဖွေနေလျက် ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ အာဆီယံရဲ့ ဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ စင်ကာပူကတော့ ယင်းနိုင်ငံနဲ့ အာဆီယံတစ်ဖွဲ့လုံးအတွက် ရည်ရွယ်ပြီး မြန်မာကို ကူညီနိုင်မယ့် နည်းလမ်းတွေ ရှာနေတာဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန် ဘလာခရစ်ရှ်နန် တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပြီး ဒုက္ခသည်
ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်။

မကြာသေးခင်က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား ပူးပေါင်း လုပ်ဆောင်မှု အဖွဲ့ အစည်းအဝေးတစ်ခုမှာ သဘောတူညီခဲ့တဲ့အတိုင်း နိုဝင်ဘာလလယ်မှာ အတည်ပြု ဒုက္ခသည်တွေကို နေရပ်ပြန်ခေါ်ရေးကိစ္စ မြန်မာအစိုးရဘက်က ဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေအပါအဝင် ရခိုင်ပြည်နယ်က တိုးတက်မှု ဖြစ်စဉ်တွေနဲ့့ ပတ်သက်လို့
အတိုင်ပင်ခံပုဂ္ဂိုလ်က စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးကို ရှင်းပြဆွေးနွေးသွားခဲ့တယ်လို့ သိရပါတယ်။

လာမယ့် နိုဝင်ဘာ ၁၅ ရက်ကစလို့ ပထမအသုတ်အနေနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ဒုက္ခသည် ၂,၂၆၀ ကို စတင်လက်ခံသွားမှာဖြစ်တယ်လို့ မြန်မာအစိုးရက ပြောထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly