Lady of Excellence အလှမယ် မျိုးမမကို ရန်ကုန်လေဆိပ်မှာ ပရိသတ်တွေကြိုဆို

Lady of Excellence အလှမယ် မျိုးမမကို ရန်ကုန်လေဆိပ်မှာ ပရိသတ်တွေကြိုဆို

ရန်ကုန်   နိုဝင်ဘာ   ၇ ။              ။ စင်္ကာပူနိုင်ငံ TKS & Son Company နဲ့ Asia Royal Family က ပေးအပ်ချီးမြှင့်တဲ့ Lady Of Excellence ဆုကို မြန်မာနိုင်ငံက ပထမဆုံးရရှိခဲ့တဲ့ အလှမယ် မျိုးမမ ဟာ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

နိုဝင်ဘာလ ၆ ရက်နေ့ ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတဲ့ မျိုးမမကို သူ့ ပရိသတ်တွေက ကြိုဆိုဂုဏ် ပြုခဲ့ကြတာ ဖြစ်ပါတယ်။

" အရမ်းပျော်တာပေါ့နော်။ မြန်မာပြည်အတွက် ပထမဦးဆုံး ရရှိခဲ့တဲ့အတွက် အရမ်းပျော်တယ်။ မြန်မာပြည် ကိုယ်စား ဒီဆုကိုယူတောင်လာပေးနိုင်တဲ့အတွက် ကျွန်မအနေနဲ့ အရမ်းကိုပီတိဖြစ်ရပါတယ်ရှင့်။" လို့ Lady Of Excellence ဆုရှင် မျိုးမမက ပြောပါတယ်။

ဒီဆုကို အင်ဒိုနီးရှားတော်ဝင်မိသားစုက ပေးပြီး စင်္ကာပူနိုင်ငံမှာ ချီးမြှင့်တာဖြစ်ပါတယ်။ ဒီဆုကိုရရှိနိုင်ဖို့အတွက် အမျိူးသမီးတစ်ယောက်ဟာ လှပချောမောရုံတင်မဟုတ်ဘဲ စီးပွားရေးနဲ့ လူမှုရေးပရဟိတလုပ်ငန်းတွေမှာလည်း ထူးချွန်စွာ ဆောင်ရွက်နိုင်သူ ဖြစ်ရမယ်ဆိုတဲ့အချက်တွေအပေါ် အဓိက အခြေခံပြီးရွေးချယ်တာဖြစ်တယ်လို့ သိရ ပါတယ်။

အမျိုးတွေဟာ လှပချောမောတဲ့ နေရာမှာပဲ အရည်အသွေးတစ်ခုအနေနဲ့ ရပ်တန့်နေတာ မဟုတ်ဘဲ လူမှု အဖွဲ့အစည်းတစ်ခုမှာ အထောက်အပံ့ပေါင်းများစွာ ပေးနိုင်တယ်ဆိုတဲ့ ဦးတည်ချက်နဲ့ ဒီလိုပွဲတွေ စီစဉ်တာဖြစ် တယ်လို့ ဆိုပါတယ်။

" ပရဟိတလုပ်တာက ဟိုးအရင်ကတည်းက ကျွန်မကြုံရင် ကြုံသလိုလုပ်ပါတယ်။ အလှူရှိတာနဲ့ ဥပမာ ရေ ဘေးဆိုလည်း သွားလှူလိုက်တာမျိုး၊ ကျွန်မတတ်နိုင်သလောက်ပေါ့နော်။ အဲဒီလိူလှူတာတွေအများကြီးပဲ။ ဘယ်နေရာမှာ ဘာလိုသလဲ။ လိုတဲ့နေရာ လှူတယ်။ လူသိများအောင်ဆိုပြီးလည်း မလှူဘူး။" လို့ သူက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly