စပါးနဲ့ ရီးယဲလ်ကွင်းလယ်လူဟောင်း ဗန်ဒါးဗတ် ကစားသမားဘဝကနေ အနားယူ

စပါးနဲ့ ရီးယဲလ်ကွင်းလယ်လူဟောင်း ဗန်ဒါးဗတ် ကစားသမားဘဝကနေ အနားယူ
(ဓာတ်ပုံ - အီးပီအေ)

စပါးနဲ့ ရီးယဲလ်အသင်း ကွင်းလယ်လူဟောင်း ဗန်ဒါးဗတ်ဟာ အသက် ၃၅ နှစ်အရွယ်မှာ ဘောလုံးသမားဘဝကနေ အနားယူခဲ့တယ်လို႔ သိရပါတယ်။

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်းကို ရှုံးခဲ့တဲ့ ဗိုလ်လုပွဲမှာ ကစားခဲ့တဲ့ နယ်သာလန်လက်ရွေးစင်ကစားသမားဟောင်းဟာ ကစားသမားဘဝကို အေဂျက်အသင်းနှင့် ၁၈ နှစ်အရွယ်မှာ စတင်ခဲ့ပါတယ်။

သူဟာ သြဂုတ်လက ဒိန်းမတ်ကလပ် Esbjerg ကို ပြောင်းရွှေ့ခဲ့ပေမယ့် ဒဏ်ရာကြောင့် ၃ ပွဲသာ ကစားနိုင်ခဲ့ပါတယ်။

“ကျနော် ချစ်နှစ်သက်ရဆုံး ဘောလုံးပွဲတွေကို နှုတ်ဆက်ပြောဆိုဖို့ဆိုတာ လွယ်ကူတဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ခဲ့ဘူး။”လို့ သူက တွစ်တာ ပြောခဲ့ပါတယ်။

“ဒါပေမယ့် အံ့သြစရာကောင်းလောက်တဲ့ နှစ်ပေါင်း ၁၈ နှစ်ကြာ ပရိုဖက်ရှင်နယ် ကစားသမားဘဝအတွက် ဘယ်လိုကျေးဇူးတင်ရမလဲဆိုတာ စကားလုံးတွေနဲ့တောင် မဖော်ပြနိုင်အောင်ပါပဲ။ အားလုံးကို ကျေးဇူတင်ပါတယ်။ ”

ဗန်ဒါးဗတ်ဟာ အသက် ၁၇ နှစ်အရွယ်မှာ အေဂျက်အသင်းအတွက် သူ့ရဲ့ပွဲဦးထွက်ကို ကစားခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ဟမ်းဘတ်အသင်းဆီ မပြောင်းရွှေ့ခင် အေဂျက်အသင်းမှာ ၁၁၇ ပွဲကစားခဲ့ပြီး အမှတ်ပေးချန်ပီယံဖလား ၂ ကြိ်မ်ဆွတ်ခူးခဲ့ပါတယ်။

အဲဒီနောက် သူဟာ ရီးယဲလ်အသင်းဆီ ၂၀၀၈ ခုနှစ်က ပြောင်းရွှေ့ခဲ့ပါတယ်။ နောက် ၂ နှစ်အကြာမှာ သူဟာ စပါးအသင်းဆီ ရောက်ရှိခဲ့ပြီး အသင်းအတွက် ၆၇ ပွဲကစား၊ ၂၄ ဂိုးသွင်းခဲ့ပြီးနောက် ၂၀၁၂ မှာ ဟမ်းဘတ်အသင်းဆီ ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly