အရိုး ၊ အဆစ် ကျန်းမာရေး - ( ၂ )

အရိုး ၊ အဆစ် ကျန်းမာရေး - ( ၂ )

အရိုး၊ အဆစ်၊ ဒူးနာ ၊ ခါးနာ တွေ အတွက် ဆောင်ရန် ရှောင်ရန်တွေကို ဆရာဝန်ကြီး ဒေါက်တာ ကျော်မင်းစိုးနဲ့ မဇ္စျိမကိုမျိုးသန့် တို့ ၊ တွေ့ဆုံမေးမြန်းချက်များ( အပိုင်း - ၂ )  ဖြစ်ပါတယ် ။

မေး။ ။ ခါးနာတာကရော ဘာပြဿနာကြောင့်ဖြစ်ရတာလဲ ဘယ်လိုမျိုးကာကွယ်သင့်သလဲခင်ဗျာ ။

ဖြေ။ ။ တစ်ကိုယ်လုံးမှာဆိုရင် Bio mechanic ရှိတာပေါ့ လူတစ်ယောက်ကို ကောင်းမွန်စွာ ရပ်တည် ထားဖို့အတွက် ခါးက အလွန်အင်မတန်မှ အရေးကြီးပါတယ်။ တကယ်တော့ သူကအရေးကြီးဆုံးပဲ။ ပင်မဦးခေါင်းခွံကနေပြီးတော့ ဦးနှောက်ကနေပြီးတော့ ပြန်စဉ်းစားတဲ့ တောက်လျှောက်မှာ ခါးရိုးဆစ် ကြောရိုးဆစ် လည်ပင်းရိုးဆစ် အားလုံးပေါင်း ၃၃ ဆစ်ရှိတယ်၊ ဒီအဆစ် ၃၃ဆစ်လုံးက သူ့ရဲ့အလုပ်ကို ညီညီမျျှမျှ တာဝန်ထမ်းဆောင်ထားရတယ် ၊လည်ပင်းက လည်ပင်းတာဝန် ကျောကကျောတာဝန် ခါးက ခါးတာဝန်၊ အားလုံး ၃၃ဆစ်မှာ ငယ်စဉ်ကတည်းကနေပြီးတော့ သူ့ရဲ့ curvature တွေ ရှိတယ်၊ ဒီလည်ပင်းဆိုရင် နောက်ကိုကော့နေရမယ်။ ခါးဆိုရင်နောက်ကိုကော့နေရမယ်။ ကျောက ရှေ့ကိုကုန်း နေရမယ် သူ့ရဲ့ posture ပေါ့၊ ငယ်စဉ်ထဲက သူက သူ့ကိုယ်သူ ကောင်းကောင်းမွန်မွန် ကျန်းကျန်း မာမာ နေထိုင်မယ် သတိဆွဲထားပြီးတော့ နေတဲ့ပုံစံမျိုး သိသိသာသာအေးဆေးနေတဲ့ပုံစံမျိုးမှာ အမြဲ တမ်း သတိပေါ့ သွားရင်သွားသတိ စားရင်စားသတိနဲ့ နေတဲ့ posture နဲ့ ဒီခါးကိုထိန်းညှိ ထားဖို့လိုပါ တယ်။ အဲ့ဒီလိုထိန်းညှိထားတဲ့နေရာမှာ ဘော်ဒီ အလိုင်းမန့် ညီမျှဖို့က ဘေးမှာရှိတဲ့ ဆိုင်းကြိုးတွေရှိ တယ်။ အဲ့ဒီဆိုင်းကြိုးတွေ ကြွက်သားတွေကနေပြီးတော့ အမြဲတမ်းထိန်းညှိထားဖို့လိုပါတယ်။ အဲ့ဒီ တော့ ကျန်းမာသန်စွမ်း တဲ့လူတစ်ယောက်အနေနဲ့ကတော့ သူနေပုံထိုင်ပုံ အားကစားလိုက်စားမယ် လုပ်မယ်ဆိုရင်တော့ ဘာမှစိုးရိမ်စရာမရှိပါဘူး၊ အဲ့ဒီကြားထဲကမှ မလိုက်နာနိုင်ဘူး posture ပျက်လာ ပြီဆိုရင်တော့ posture သူ့ရဲ့ပုံစံ ပျက်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရမှာဖြစ်တယ်။ အဲ့ဒီ တော့ နေမှုထိုင်မှုမှားမယ် ခုဆို ကလေးတွေက ကျောပိုးအိတ်လေးတယ်ဆိုရင် ခါးရိုးကောက်တာဖြစ် လာတယ်၊ ဒါကတော့အမှန်တော့မဟုတ်ပါဘူး၊ တကယ်တော့ ဒီခါးရိုးကောက်တာက ကျွန်တော်ပြော ရရင် မွေးရာပါ အလိုလိုဖြစ်လာတာ။ ကျောပိုးအိတ်အကြီးကြီးလွယ်လို့ဖြစ်တာမဟုတ်ဘူး။ ဒါပေမယ့် ကျောပိုးအိတ်ကြီးလွယ်လို့ ကောင်းမလား ဆိုရင်ဘယ်ကောင်းမလဲ မနိုင်တဲ့ဝန်တွေကို လူတွေက မထမ်းဆောင်ဖို့လိုပါတယ်။ သင့်တင့်လျောက်ပတ်တဲ့အိတ်ကို သင့်တင့်လျောက်ပတ်တဲ့ခွန်အားနဲ့ ဝန်နဲ့အားနဲ့မျှမယ်ဆိုရင် ဒီလူတွေက ကျန်းမာသန်စွမ်းတဲ့လူတွေဖြစ်မှာ။ အားကစားသမားတစ်ယောက် ပုံစံ အမြဲတမ်းနေထိုင်နေမယ်ဆိုရင် ဒီးခါးနာရောဂါကိုတော့ ကာကွယ်ပြီးသားဖြစ်မယ်။ ဘာကြောင့် နာတာလဲဆိုရင်၊ သူ့ရဲ့ဝိတ်က အများဆုံးက ခါးရဲ့အောက်ဆုံးမှာ နံပါတ်လေးနဲ့ငါးအဆစ်မှာ တစ်ကိုယ်လုံးရဲ့ဝိတ်က transmit လုပ် လာတယ် ၊ အောက်ကဒူးခေါင်းကိုမရောက်ခင် ဝိတ်ကို မရောက်ခင်မှာ နောက်ဆုံးခံထားတဲ့ လေးနဲ့ငါး ခါးရိုးနံပါတ် လေးနဲ့ငါးကြားမှာရှိတဲ့ ကူရှင်ပြားကတော့ ဒဏ်ရာအရဆုံးဖြစ်ပါတယ်။ အဲ့ဒီဒဏ်ရာရလာတဲ့အခါမှာ စပြီးတော့ အသက်သုံးဆယ်ပတ်ဝန်းကျင် လောက်ဆိုရင်  လူငယ်တွေ အလုပ်အကိုင်လုပ်ရင်းနဲ့ မနိုင်ဝန်တွေထမ်းရင်းနဲ့ လယ်စိုက်မယ် ကောက် စိုက်မယ် နောက်ပစ္စည်းတွေကိုမ ကိုယ်မနိုင်တဲ့ဝန်တွေကို ဝန်နဲ့အားမမျှဘဲ မနေမယ်ဆိုရင် နှစ်ခုကြား မှာရှိတဲ့ ဝါရှာပြာလေး ဒူးခေါင်းမှာရှိသလိုပေါ့ ခါးဆစ်မှာရှိ ရှိတဲ့အဆစ်က အထဲမှာရှိတဲ့ရေဓာတ် ခမ်းခြောက်လာပြီးတော့ ပျက်စီးလာမှာဖြစ်တယ်။ အဲ့ဒီလိုပျက်စီးလာရင် အနောက်ကိုကျွံထွက်လာရင် ဒီခြေထောက်ကို လာတဲ့အာရုံကြောမှာ လာညပ်တယ် ၊ လည်ပင်းမှာလည်းရှိတယ် လည်ပင်းလည်း ညပ်ရင် လည်ပင်းအာရုံကြောညပ်ရင် လက်တွေကိုထိခိုက်တယ်။ ခါးအာရုံကြောညပ်ရင် ခြေထောက် တွေကို ထိခိုက်မှာဖြစ်တယ်။ အဲ့ဒီတော့ နာတာနဲ့ပတ်သတ်ပြီးတော့ ဖြစ်ပါတယ်။

မေး။ ။   အရိုးကျီးပေါင်း ဆိုပြီးတော့မှ ပြောကြတာတွေရှိပါတယ်။ အရိုးကျီးပေါင်းက ဘယ်နေရာတွေ မှာ ဖြစ်လို့ ဘာကြောင့်ဖြစ်တာလဲဆိုတာ သိချင်ပါတယ် ခင်ဗျား။

 ဖြေ။ ။   အရိုးကြီးပေါင်းဆိုတာ  ခါးရိုးမှာ ခါးရိုးဆစ်တစ်ခုလုံးကိုခိုင်သွားတဲ့ရောဂါပေါ့၊  ဒီခါးဆစ်တွေက တစ်ခုနဲ့တစ်ခုလှုပ်လို့မရအောင် ဝါးဆစ်လိုဖြစ်သွားတယ် အကုန်လုံးက သူကလှုပ်လို့မရတော့ဘူး၊ အဲ့ဒီ လိုဖြစ်တယ်ဆိုရင်တော့  အရောင်ကျတဲ့ဆေးတွေပေးလို့ရတယ်၊ အရေးကြီးဆုံးကတော့ ခိုင်နေတဲ့ခါး ကို သုံးလို့ရအောင်  လှုပ်ရှားမှုကိုအများကြီးလုပ်ပေးဖို့လိုပါတယ်။ အဲ့ဒီတော့ ကုန်းရင်းကုန်းရင်းနဲ့ နောက်ဆုံး ပြန်ထပြီးတော့ သူ့ရဲ့မျက်နာကမြေကြီးကိုကြည့်ပြီးတော့ အရှေ့ကိုမမြင်လောက်တဲ့အထိ သူကဖြစ်သွားနိုင်တယ် မစောင့်ရှောက်ရင်၊ အဲ့ဒါကို ပြန်ပြီးတော့ကောင်းအောင် ပိုရှာ posture ကောင်း အောင် ကာကွယ်ဖို့အရေးကြီးပါတယ် သူကတော့ မျိုးရိုးကြောင့်ဖြစ်တဲ့ ရောဂါဖြစ်တယ်။  သူ့ကို ရောဂါ ဖြစ်အောင်သိဖို့အတွက်ကတော့ ဓာတ်မှန်နဲ့ ရိုက်ကြည့်လို့ရတယ် သွေးစစ်ကြည့်လို့ရပါတယ် ။   မဟုတ်ဘဲနဲ့   ခါးမှာရှိတဲ့ ကျောရိုးရဲ့ အနောက်မှာရှိတဲ့ ကြွက်သားတွေ အားနဲလာတဲ့အတွက် ခါးမှာဖြစ် လာတာပါ သူကတော့ ဒီခါးရိုးဆစ်မှာ ဘေးကပြောတဲ့ ကျွန်တော်တို့အမြဲပြောနေကျီးပေါင်းဆိုတဲ့ အရိုး တွေတက်လာပါတယ်။ အဲ့အရိုးတွေ ဘာကြောင့်တက်လာလဲဆိုရင် service area ကိုသူက weight bearing ကိုပိုပြီးတော့ကျယ်အောင် သူကလုပ်ပေးတာဖြစ်တယ်။ သွေးကနေပြီးတော့ ပြန်ပြီးဖြစ် လာတယ် ဒီသွေးကနေပဲ သူက အရိုးတွေကို   အရိုးနုအဆင့် အရိုးအဆင့်ဆင့်ပေါ့ ၊ အရိုးမာတဲ့အထိ အဆင့်ဆင့်ကို အရိုးပြန်ဆက်ဖို့အတွက် ကူညီပေးတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ ဒါမှသာ ဒီအရိုးကပြန် ဆက်မှာဖြစ်ပါတယ်။ သူကတော့ ကျွန်တော်တို့ အရိုးဆက်ဖို့အတွက် ဖြစ်လာတာပါ၊   နောက်ပိုင်း ပြန်ဆက်သွားမှာ ဘုရားတည်လို့ရှိရင် ငြမ်းဆောက်သလိုမျိုးပဲ ဒီအရိုးပြန်ဆက်ဖို့အတွက် ငြမ်းဆင်ထား တယ် အဲ့မှာသွေးကြောတွေ ဆဲတွေကနေပြီးတော့ အရိုးပြန်ဖြစ်လာပြီး အရိုးပြန်ဆက်သွားတာ ဖြစ်ပါ တယ်။ သူ့နဲ့ခုနက အဆစ်မှာဖြစ်တာနဲ့တော့ မတူပါဘူး။

မေး။ ။  မြန်မာပြည်သူတွေခံစားနေရတဲ့ ဒူးနာပြဿနာကို ကူညီဖြေရှင်း ပေးဖို့အစီအစဉ်ရှိမလား ဆိုတာ သိချင်ပါတယ် အဲ့ဒါလေးဆရာဖြေပေးလို့ရမလား။

ဖြေ။ ။   ဆရာအနေနဲ့ ဖြေရှင်းပေးနိုင်တာတော့ အခုလိုမျိုး Health talk တွေပြောပေးနိုင်မယ် ၊နောက်   လူနာတွေကို ကြည့်ပေးနိုင်မယ် ။ ကျွန်တော်တို့အစီအစဉ်ရှိပါတယ် လုပ်လည်းလုပ်နေပါတယ် အရင် လည်း  ကျွန်တော် လုပ်ခဲ့ပါတယ်။ ရှေ့လျှောက်လည်း ကျွန်တော်တို့ပူးပေါင်းပြီးတော့ စီစဉ်ဆောင် ရွက်သွားမှာပဲဖြစ်ပါတယ် ခင်ဗျာ။

မေး။ ။   အရိုးပွတာကရော ဘာကြောင့်ဖြစ်ရတာလဲ ဒီရောဂါနဲ့ပတ်သတ်ပြီးတော့ ဘယ်လိုမျိုး ဆင်ခြင်နေထိုင်ရမလဲ ခင်ဗျား ။  

 ဖြေ။ ။ ကျွန်တော်တို့ ဒီအရိုးပါးရောဂါနဲ့ နောက်ထပ်  ဆင်တူလေးဖြစ်နေတော့ လူတွေကမှားတတ်ပါ တယ်တဲ့၊ အရိုးပါးရောဂါနဲ့ အဆစ်ရောင်တဲ့ရောဂါကို မှားတတ်ကြပါတယ် ။ အဆစ်ရောင်တဲ့ရောဂါဆို တာက အဆစ်မှာဖြစ်တဲ့ အဆစ်တွေရောင်တဲ့ ရောဂါဖြစ်တဲ့အတွက် သူကတော့ အရိုးပါးတာနဲ့မဆိုင်ပါ ဘူး၊ အရိုးပါးတာဆိုတာက တစ်ကိုယ်လုံးမှာရှိတဲ့ အရိုးအကုန်လုံးမှာဖြစ်နိုင်တယ်၊ အထူးသဖြင့်တော့ လက်ဖျံရိုးတွေ ပေါင်ရိုးတွေရဲ့ထိပ်တွေမှာရှိတဲ့ အရိုးတွေက  အရိုးပါးခြင်းဆိုတာ ဖြစ်ပါတယ်၊ အကြောင်းကတော့ အများစုကတော့ အသက်ကြီးလာရင်ဖြစ်တယ် အရိုးအဖြစ်နဲ့ အပျက် နဲ့ အပျက်က ပိုများလာတဲ့အခါမှာ ဖြစ်တယ်။ နောက်တစ်ခုက ဆေးလိပ်သောက်မယ် အရက်အလွန်အကျွံ သောက် မယ် ၊ ကဖိန်းပါတဲ့အရည်တွေ လက်ဘက်ရည် ကော်ဖီ ကိုလာတွေ အများကြီး သောက်မယ်ဆိုရင် လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်အလေးချိန်ကျဆင်းလာရင်လည်း ဖြစ်တယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ အမျိုးသမီးတွေမှာ အဖြစ်များတာကတော့ အမျိုးသမီးငါးယောက်မှာတစ်ယောက် အမျိုးသမီး တော်တော်များများမှာ မီးယပ်ဆုံးလာပြီး သွေးဆုံးတဲ့အခါမှာ estrogen  ဟိုမုန်းတွေ မထွက်တော့ တဲ့အခါမျိုးမှာ အရိုးပါးရောဂါက ဖြစ်လာပါတယ်။ တစ်ချို့ကျတော့ ရာသီဆုံးမှ မီးယပ်ဆုံး မှ မဟုတ်ဘဲ နဲ့ စောစီးစွာသားအိမ်တွေ သားဥပြွန်တွေ ထုတ်လိုက်တဲ့ လူနာတွေမှာဆိုရင်လည်း ဒီလိုမျိုး ဖြစ်နိုင်ပါ တယ်။ တစ်ခြားကြောင့်ဖြစ်လာတဲ့ အရိုးပါးခြင်းကျတော့ ဆေးတွေသောက်တာပေါ့   ပန်းနာ ရင်ကျပ် ရှိတဲ့သူတွေ အဆစ်အမြစ်ရောင်တဲ့ တစ်ခြားရောဂါတွေမှာ steroid လို့ခေါ်တဲ့ ဆေး တွေကို ရေရှည်စွဲ သောက်တဲ့ သူတွေမှာကတော့ ဒီအရိုးပါးရောဂါဖြစ်လာတာတွေ့ရတယ်။ နောက်တစ်ခုကတော့ thyroid တို့ para-thyroid  ဟော်မုန်းတွေထွက်တဲ့ ဟော်မုန်းတွေမထွက်တော့ ဘူးဆိုရင်လည်း ဒီရောဂါဖြစ်နိုင်ပါတယ်၊  ဒီအရိုးပါးတဲ့ရောဂါက တော်တော်လေး ကမ္ဘာမှာ အဖြစ်များပါတယ် ၊ ကျွန်တော်တို့နိုင်ငံမှာလဲ နှစ်စဉ် ကမ္ဘာ့အရိုးပါးရောဂါနေ့ ဆိုပြီးတော့ အောက်တိုဘာလ ၂၀ ရက်နေ့ မှာ ကျင်းပတယ် campaign တွေလုပ်တယ်။ ပုံမှန်ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ပေါ ့။ ဒီရောဂါကိုကုသ မယ်ဆိုရင်တော့ ဆေးရှိပါတယ် ခုနကကျွန်တော်ပြောတဲ့ လေ့ကျင့်ခန်းတွေကတော့အထွေထွေ ကာကွယ် နိုင်တဲ့ဟာပေါ့ ၊ အဲ့ဒီလိုမဟုတ်ဘဲနဲ့ ဆေးသောက်မယ်ဆိုရင် နေ့စဉ်သောက်တဲ့ ဆေးတွေ ရှိတယ်၊ နေ့စဉ်သောက်တဲ့ဆေးမဟုတ်ဘဲနဲ့ လစဉ်သောက်တဲ့ဆေးတွေ ရှိတယ်၊ လစဉ် သောက်တဲ့ ဆေးအပြင် တစ်နှစ်တစ်ခါ ထိုးရတဲ့ဆေးတွေလည်းရှိတယ်။ ဒီဆေးတွေ ကတော့ အလွယ်တကူလည်း ဝယ်ပြီးတော့  ဒီရောဂါကိုကုသလို့ ရပါတယ်။ အရိုးပြန်မာတဲ့ဆေးပေါ့ ၊ စမ်းသပ်တဲ့ အခါမှာလွယ်လွယ် ကူကူ စစ်ဆေးလို့ရတယ်၊ ကျွန်တော်တို့နိုင်ငံမှာပဲ အလွယ်တကူပဲ   စမ်းတဲ့အခါမှာ အရိုးပါးတာကို တွေ့နိုင်တယ်၊ ဒီစမ်းသပ်မှုကို တော်တော်များများစစ်ဆေးလို့ရနေပါပြီ။ အဲဒီလို စစ်ဆေး လိ့ုပြီးရင်တော့ ကုသမှုလိုပါတယ် ဘာကြောင့်ကုသမှုလိုလည်းဆိုတော့ ဒီဟာဖြစ်လာပြီဆိုရင် အရိုး ကျိုးနိုင်ခြေ များပါ တယ်။ တော်ရုံတန်ရုံ ထိခိုက်ဒဏ်ရာရရုံမဟုတ်ဘဲနဲ့ ပုံမှန်လေးလဲရုံနဲ့ သူက အရိုးက ကျိုးသွားနိုင် တယ်၊ အားနဲနဲလေးနဲ့ သူ့ဒဏ်ကိုမမျှဘဲနဲ့ ကျိုးသွားနိုင်တာဖြစ်တဲ့အတွက် ကာကွယ်ဖို့ အတွက် ကုသဖို့ လိုပါတယ်။ အခုနောက်ပိုင်း ကတော့ para-thyroid ဟိုမုန်းကို ခြောက်လကနေပြီး တော့ ဒီတစ်နှစ် သုံးလိုက်မယ်၊ သုံးပြီးသွားတဲ့နောက်ပိုင်းမှာ ရှေ့ဆက်ပြီးတော့လဲ ဒီဆေးကို ပထမတော့ နေ့စဉ်တော့ သူကထိုးရမှာ၊ ခြောက်လတစ်နှစ် ထိုးပြီးသွားရင် နောက်ပိုင်းကျရင်တော့ ခုနက ပြောတဲ့ တစ်ပတ် တစ်ခါ တစ်လတစ်ခါ တစ်နှစ်တစ်ခါဆေးတွေကို ပေါ်တဲ့ဆေးရဲ့brand ပေါ်မှာမူ တည်ပြီးတော့ သူ့ရဲ့ အညွှန်းအတိုင်း ထိုးမယ်ဆိုရင်တော့ ဒီရောဂါကို ကုသလို့ရပါတယ်။   ။မဇ္စျိမ

အရိုး ၊ အဆစ် ကျန်းမာရေး -  အပိုင်း(၁ )အပြည့်အစုံ - http://www.mizzimaburmese.com/news/52150

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly