ပေးချေရသည့် ငွေကြေးဖြင့် ထိုက်တန်မှုအရှိဆုံးလိဂ်အဖြစ် ဘွန်ဒက်စ်လီဂါထိပ်ဆုံးမှ ရပ်တည်

ပေးချေရသည့် ငွေကြေးဖြင့် ထိုက်တန်မှုအရှိဆုံးလိဂ်အဖြစ် ဘွန်ဒက်စ်လီဂါထိပ်ဆုံးမှ ရပ်တည်

သြဂုတ် ၂၅၊ မြူးနစ်။                 ။ ကမ္ဘာနိုင်ငံပေါင်းစုံမှ လိဂ်ပြိုင်ပွဲပေါင်းစုံတွင် ဘွန်ဒက်လီဂါပြိုင်ပွဲသည် ပေးချေရသည့်ငွေကြေးနှင့် အထိုက်တန်ဆုံးလိဂ်ပြိုင်ပွဲအဖြစ် ပရီးမီးယားလိဂ်၊ လာလီဂါတို့ကို ဖြတ်ကျော်ပြီး ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။

ဘွန်ဒက်စ်လီဂါပြိုင်ပွဲသည် ပေးချေရသည့် လက်မှတ်ဈေးနှုန်းဖြင့် ကြည့်ရှုရမှု အရည်အသွေးပြည့်ဝသော လိဂ်ပြိုင်ပွဲအဖြစ် သတ်မှတ်ခံရခြင်း ဖြစ်သည်။

လာလီဂါပြိုင်ပွဲမှာ ဒုတိယ၊ ပေါ်တူဂီလိဂ်ပြိုင်ပွဲမှာ တတိယ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စတုတ္ထနှင့် အာဂျင်တီးနားလိဂ်ပြိုင်ပွဲမှာ ပဉ္စမနေရာတွင် ရပ်တည်ခဲ့သည်။

ထိုလိဂ်ပြိုင်ပွဲများ၏နောက်တွင် ပြင်သစ်လိဂ်(၆)၊ ဘယ်လ်ဂျီယံလိဂ်(၇)၊ စီးရီးအေ(၈)၊ တူရကီလိဂ်(၉)နှင့် ဘရာဇီးလိဂ်(၁၀)တို့ အသီးသီး အစဉ်လိုက်ရပ်တည်ခဲ့ကြသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ တစ်ပွဲ၏ တစ်ပွဲပျမ်းမျှလက်မှတ်ဈေးနှုန်းမှာ ၅၃ ဒသမ ၇၆ ပေါင်ရှိပြီး လာလီဂါပြိုင်ပွဲတစ်ပွဲမှာ ၅၀ ဒသမ ၈၃ ပေါင် ရှိသည်။ ဘွန်ဒက်စ်လီဂါပြိုင်ပွဲ တစ်ပွဲ၏ပျမ်းမျှလက်မှတ်ဈေးနှုန်းမှာမူ ၂၃ ဒသမ ၀၂ ပေါင်သာ ရှိသည်။

ယခုစစ်တမ်းကို ထိပ်တန်းလိဂ်ပေါင်း ၂၅ ခုမှ လက်မှတ်ဈေးနှုန်းများဖြင့် တွက်ချက်ခြင်းဖြစ်သည်။ ထိုကဲ့သို့တွက်ချက်ရာတွင် အထူးတန်းလက်မှတ်များနှင့် VIP packages လက်မှတ်ဈေးနှုန်းများအားလုံးကို ထည့်သွင်း တွက်ချက်ခြင်း ဖြစ်သည်။

လိဂ်ပြိုင်ပွဲတစ်ခု၏ အဆင့်အတန်းကို သတ်မှတ်ရာတွင်မူ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၊ ဥရောပဘောလုံးအဖွဲ့ချုပ်တို့မှ အချက်အလက်များအပြင် တတိယအဖွဲ့အစည်းများ၏ အချက်အလက်များအားလုံးကိုယူ၍ တွက်ချက် သတ်မှတ်ခြင်း ဖြစ်သည်။

 ပြုလုပ်ခဲ့သည့် စစ်တမ်းများအရ ဗြိတိန်တွင် ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲကြည့်ရှုရန် ကုန်ကျစရိတ်သည် ဗြိတိန်မှ ဂျာမနီသို့သွားကာ ဘောလုံးပွဲတစ်ပွဲကြည့်ရှုသည့် ကုန်ကျစရိတ်နီးပါး ကုန်ကျလျက်ရှိပြီး ဗြိတိန်မှ ဘောလုံးပရိသတ်များသည် ဂျာမနီသို့ အပတ်စဉ်ဘောလုံးပွဲ သွားရောက်ကြည့်ရှုနေကြသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

Ref ; ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly