ရန်ကုန်ရှေ့နေအသင်း ၇၅နှစ်ပြည့်ရန်ပုံငွေဂီတဖျော်ဖြေပွဲ ပထမဆုံးအကြိမ် ကျင်းပမည်

ရန်ကုန်ရှေ့နေအသင်း ၇၅နှစ်ပြည့်ရန်ပုံငွေဂီတဖျော်ဖြေပွဲ ပထမဆုံးအကြိမ် ကျင်းပမည်

နိုဝင်ဘာ ၃ ။             ။ ရန်ကုန်ရှေ့နေအသင်း၏ ၇၅နှစ်ပြည့် စိန်ရတု ရန်ပုံငွေဂီတဖျော်ဖြေပွဲကို ပထမဆုံးအကြိမ်အဖြစ် နိုဝင်ဘာ ၁၁ ရက်တွင် အမျိုးသားကဇာတ်ရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်ရှေ့နေအသင်း ဥက္ကဋ္ဌ တရားလွှတ်တော် ရှေ့နေ ဦးချစ်ကိုကို ကပြောသည်။

"ဒီအသင်းကြီးက ဒီလိုခိုင်ခိုင်မာမာနဲ့ရပ်တည်ပြီး စည်းစည်းလုံးလုံးနဲ့ ရှေ့နေတွေဟာ အားကျိုးမာန်တက်နဲ့ ကိုယ်နိုင်တဲ့ တစ်နိုင်တစ်ပိုင်အားနဲ့ အသင်းရန်ပုံငွေရဖို့ရယ် အသင်းညီညွတ်မှုရဖို့ရယ် စုစည်းမှုရဖို့ရယ် အဲဒါတွေ ကို ရည်ရွယ်ပြီး လုပ်ဆောင်တာဖြစ်ပါတယ်" ဟု ဦးချစ်ကိုကို ကပြောသည်။

အဆိုပါ ရန်ပုံငွေဂီတဖျော်ဖြေပွဲအတွက် စာနယ်ဇင်းရှင်းလင်းပွဲကို နိုဝင်ဘာ ၃ရက်တွင် ရန်ကုန်မြို့ Orchid ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရန်ပုံငွေဂီတဖျော်ဖြေပွဲတွင် တေးသံရှင်များအဖြစ် က့ံကော်တောမျိုးအောင်၊ ဂျေမောင်မောင်၊ လူမင်း၊ ချစ်ကောင်း၊ ရင်ဂို၊ ဂရေဟမ်၊ ဗညားဟန်၊ နေမင်းအိမ်၊ ဂျူနီယာချစ်ကောင်း၊ မေဆွိ၊ ကော်နီ၊ အိမ့်ချစ်၊ အိုင်းရစ်ဇင်မာမြင့်၊ အေသင်ချိုဆွေ၊ ပန်းအိဖြူ၊ ပန်းရောင်ခြယ် တို့ကပါဝင် သီဆိုဖျော်ဖြေပြီး ဂစ်တာနိုင်ဇော်၏ ART ROBOTS BAND နှင့်တီးခတ်မည် ဖြစ်ကြောင်း သိရသည်။

"ပွဲစချိန် ရနာရီဆိုရင် အဲဒီစတဲ့အချိန်ကနေပြီး ပွဲပြီးတဲ့အထိ လူတွေမပြန်ချင်အောင် စွဲဆောင်နိုင်တဲ့ စတိတ်ရှိုး ဖြစ်အောင် ကြိုးစားပါမယ်" ဟု ART ROBOTS BAND မှ ဂစ်တာ နိုင်ဇော် ကပြောသည်။

ရန်ပုံငွေဂီတဖျော်ဖြေပွဲကို နိုဝင်ဘာ ၁၁ ရက်တွင် အမျိုးသားကဇာတ်ရုံ၌ ကျင်းပသွားမည်ဖြစ်ကာ လက်မှတ် စျေး နှုန်းများကို ကျပ် ၁၀၀၀၀၊ ၁၂၀၀၀၊ ၂၀၀၀၀၊ ၃၀၀၀၀ ကျပ်အထိ သတ်မှတ်ရောင်းချသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly