ရန်ကုန်နည်းပြဟောင်း ရက်ဆစ် ဘော့စနီးယားကလပ် အက်ဖ်ကေဆာရာယေဗို ကိုကိုင်တွယ်မည်

ရန်ကုန်နည်းပြဟောင်း ရက်ဆစ် ဘော့စနီးယားကလပ် အက်ဖ်ကေဆာရာယေဗို ကိုကိုင်တွယ်မည်
ဆာရာယေဗိုနှင့် စာချုပ်ပြီး ရက်ဆစ်ကို တွေ့ရစဉ်။

ရတနာပုံကိုရှုံးခဲ့သော မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၁၇ အပြီးတွင်အသင်းနှင့်နှစ်ဦးသဘောတူလမ်းခွဲခဲ့သည့် ရန်ကုန်နည်းပြဟောင်း ရက်ဆစ်မှာ ဘော့စနီးယားကလပ် အက်ဖ်ကေ ဆာရာယေဗို(FK Sarajevo) အသင်းကို ကိုင်တွယ်ရန်စာချုပ်ချုပ်ဆိုခဲ့သည်။

အသက် ၅၆နှစ်အရွယ်ရှိ ရက်ဆစ်မှာ ရန်ကုန်ယူနိုက်တက်အသင်းကို ၂၀၁၅ဘောလုံးရာသီစကတည်းက တာဝန်ယူကိုင်တွယ်ခဲ့ပြီး၎င်းလက်ထက်တွင် မြန်မာနေရှင်နယ်လိဂ်နှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲနှစ်ရပ်၌ ၁၇ပွဲကစားခဲ့ရာ ၁၅ပွဲနိုင်ပြီး ၂ပွဲသာရှုံးပွဲရှိခဲ့သည်။

“လူဦးရေခြောက်သန်းလောက်ပဲရှိတဲ့ မြို့ကကလပ်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့အတွက် ကျွန်တော့်ကို မီဒီယာတွေက အံသြနေကြပါတယ်။ ရန်ကုန်အသင်းကို တာဝန်ယူဖြစ်ခဲ့တာက ကျွန်တော့်ဆန္ဒအရပါ။ ဆာရာယေဗိုအသင်းကို ကျွန်တော်ရင်းနှီးပါတယ်။ အောင်မြင်မှုရဖို့ကြိုးစားပေးမှာပါ။”ဟု ရက်ဆစ်က ဆာရာယေဗိုအသင်းနှင့် စာချုပ်ချုပ်ဆိုအပြီးတွင်ပြောသည်။

အက်ဖ်ကေဆာရာယေဗိုအသင်းမှာ ြင်္ပီးခဲ့သည့် ၂၀၁၄-၁၅ ဘောလုံးရာသီက လိဂ်ချန်ပီယံဖြစ်ခဲ့ပြီး ယခုနှစ်ပြိုင်ပွဲ ပွဲစဉ် ၉ပွဲကစားပြီးချိန်တွင် အဆင့် ၄ နေရာ၌ ရပ်တည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly