ဆီးချို နှင့်သွေးတိုးရောဂါ မဖြစ်ဖို့ - ( ၁ )

By မျိုးသန့်(မဇ္စျိမ)
31 October 2018
ဆီးချို နှင့်သွေးတိုးရောဂါ မဖြစ်ဖို့ - ( ၁ )

အထွေထွေရောဂါကု သမားတော်ကြီး ပါမောက္ခ ဦးနေဝင်း နှင့် မေးမြန်းခြင်း ။

မေး။ ။   သွေးတိုးစဖြစ်တဲ့အချိန်ကစပြီး စနစ်တကျ ကုမယ်ဆိုရင် ပျောက်နိုင်သလား ။   ဘယ်လိုကုလို့ရနိုင်မလဲခင်ဗျာ ။    

ဖြေ။ ။ နဲနဲတော့ဆင်တူတယ်ပေါ့ ဆီးချိုရောဂါက ပျောက်နိုင်သလားနဲ့ဆင်တူတယ်၊ သူကအမျိုးတွေတော်နေတာကြတဲ့အခါကျတော့ အဖြေကလည်း တူတူပဲဖြစ်မှာပဲပေါ့၊ သွေးချိုက ပျောက်အောင်ကုခြင်း မဟုတ်ပါဘူးခင်ဗျာ၊ သွေးချိုကိုထိန်းထားခြင်းဖြစ်ပါ တယ်။ သွေးတိုးမှာလည်း အဲ့ဒီအတိုင်းပဲ ၊ ပျောက်အောင်ကုခြင်းမဟုတ်ဘူး၊ သွေးတိုးကို မတက်အောင်ထိန်းထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့သွေးတိုးရောဂါဝင်ပြီဆိုရင် တော့ မပျောက်ပါဘူး။ သွေးပေါင်ချိန်ကို စံချိန် စံညွန်းအမှီ နေ့စဉ်ရက်ဆက် တစ်ရက် မပျက် တောက်လျှောက်ထိန်းထားဖို့ လိုပါတယ်။  အတိအကျပြောထားတယ်နော် ၊ နေ့ရော ညရော ၂၄ နာရီ နေ့စဉ်ရက်ဆက်၊ အဲ့ဒီဟာအတွက်ကျတော့ ကျွန်တော်တို့မှာ စံသတ်မှတ်ချက်တွေရှိပါတယ်၊ အခုနောက်ဆုံး သတ်မှတ်တာတော့ သွေးပေါင်ချိန်ကို ၁၄၀ / ၉၀ အောက်ကို နေ့ရောညရောနေ့စဉ်ရက်ဆက်အဆက်မပြတ်တောက်လျှောက် ထိန်းထားနိုင်ရင် နှောက်ယှက်တဲ့ပြဿနာဝင်ဖို့ မရှိပါဘူး။ ထိန်းနိုင်တဲ့နေရာမှာ ခုနပြော တဲ့ Life style ဒါပဲသုံးပါတယ် ၊အငန်ကိုထဲ့လိုက်ပါ ဒါဆိုရင်ပိုစုံသွားမယ် ၊နောက်တစ်ခု ကတော့ ဆေးသောက်တယ်၊ ဘာဖြစ်လဲလို့မေးရင် သွေးတိုးရှိတယ် အတိအကျဆေး သောက်လား လို့မေးရင် သောက်တယ် ၊ သွေးတိုးရှိတာ ဘယ်လိုလုပ်သိတာလဲမေး တော့ ၊သွေးပေါင်ချိန် ဘယ်လောက်ရှိလဲဆိုတော့ မသိဘူးလို့ပြောတယ် ။ ဟာ ခင်ဗျား က သွေးပေါင်ချိန်လည်း မသိဘဲနဲ့ သွေးဘာလို့တိုးတာလဲလို့မေးတဲ့အခါကျတော့ ဇက်ကြောထိုးလို့ တိုးတယ်လို့ ပြောတယ်၊ ဒါ အင်မတန်မှားယွင်းတယ် သွေးပေါင်ချိန်မှာ တကယ်တိုးမှ သွေးတိုးလို့ ခေါ်ပါတယ်၊ အဲ့ဒီကျမှဆေးလိုပါတယ် ဒါလေးတစ်ခုကတော့  သိစေချင်ပါတယ် ။နောက်တစ်ခုကတော့ အလွန်အကျွံ စွဲချတဲ့ကိစ္စပေါ့ ဘာနဲ့တူတာလဲ ဆိုလို့ရှိရင် ကျွန်တော်တို့ဆေးကုတဲ့နေရာမှာ ငါးပြားးတန်လောက်ရှိတဲ့ ဟာဆိုရင် ငါးပြားတန် ဆေးပဲသုံးရတယ်၊ တစ်သိန်းတန်ဆိုတစ်သိန်းတန်ဆေးပဲ သုံးရတယ် ။ ကျွန်တော် ပိုက်ဆံနဲ့ပြောတာမဟုတ်ဘူး ဆိုးရွားပုံပမာဏကိုပြောတာ ၊အဲ့ဒါတွေက   ကျတော့ ဆေးပညာကိုထဲထဲဝင်လေ့လာထားတဲ့ဆရာဝန်မှပဲ သိတာဖြစ်တဲ့အတွက် ကြောင့် မို့လို့ ဆရာဝန်တွေနဲ့တိုင်ပင်စေချင်တယ်ပေါ့၊ နောက် တစ်ခုရှိသေးတယ် ဘာလဲဆို တစ်ယောက်နဲ့တစ်ယောက်ညွန်းကြတာ ၊အမျိုးသားကြီးက သူ့ရဲ့အမျိုးသမီး ကို ညွန်းတယ် ငါဒီဆေးသောက်ရင်မင်းလဲ သောက်ပါ ရုံးကဝန်ထမ်းတစ်ယောက်က ငါဒီဆေး သောက်တာ မင်းလဲသောက်ပါ။ အင်မတန်မှားပါတယ်၊ သွေးကျဆေးအများ ကြီးရှိတဲ့ထဲမှာ တစ်ဦးနဲ့တစ်ဦး တယောက်နဲ့ တစ်ယောက်လိုအပ်ချက်မတူဘူး။ ကျွန်တော်တို့ ဆေးပညာမှာ လူနာကိုမူတည်ကျွေးတာရှိတယ်၊ individual treatment  လို့ခေါ်တဲ့ လူကိုမူတည်ပြီးကျွေးတာ၊ ဒါကြောင့်မို့လို့ အဲ့ဒါလည်းမှားတယ် ။ အကုန်လုံး ကို ဖြေရှင်းနိုင်အောင် ကျွန်တော်တို့က ဘာပဲကြည့်ပြီးပြောနေရတယ်ဆိုတော့ ကျန်းမာရေးရှုထောင့်ကပဲ ပြောပါတယ် ။

မေး။ ။  အမျိုးသမီးတစ်ယောက်က ၂၂၀ -၁၂၀ အထိ သွေးတိုးဖူးတယ်၊ အဲ့ဒါစိုးရိမ်ရ သလား။ အဒီလောက်ထိ တိုးလာရင်ဘာလုပ်သင့်ပါသလဲ

ဖြေ။ ။ လူနာဘာဖြစ်တာလဲ ဆရာဝန်စမေးတာပေါ့နော် ၊ ဥပမာ ခြေထောက်က တစ်ခြမ်း လေးသွားလို့ဆိုရင် ကျွန်တော်တို့စဉ်းစားတယ်ပေါ့ ၊ ကျွန်တော်တို့ လူနာကိုခြုံကြည့်တာပေါ့နော်။( ၁ ) ဘာဖြစ်လို့လဲ ၊ ( ၂ ) သူဘယ်တုန်းကတက်နေ တာလဲ ၊ ဘယ်လောက်ထိတက်ဖူးတာလဲ ၊ ဘာဆေးသောက်နေတာလဲဆိုတာ သိဖို့ လိုသေးတယ်။ ဒါမှသာလျင်သောက်နေတဲ့ ဆေးကိုထပ်ဆင့်ထည့်ရမှာ သောက်နေတဲ့ ဆေးကိုဖြုတ်ရမှာ၊ ဆေးပြောင်းရမှာ အများကြီး လုပ်ရတယ် ။ နှစ်ခု ရှိသွားပြန်ပြီ။ နံပါတ်( ၃ ) က သိစရာလိုသေးတယ်၊ ဒီလူနာက ဒီသွေးတိုး တာပဲ လား၊ ကျန်တာတွေ ရှိသေးလား၊ ကျောက်ကပ်ကောကောင်းသေးရဲ့လား၊ နှလုံးက ကောင်းသေးရဲ့လား ၊ ဘာလို့ဆိုကျွန်တော်က ဆေးရွေးရတော့မှာလေ၊ သုံးချက်ရှိ သွားပြီ။  သွေးတိုးကတော့ အုပ်စုခွဲလိုက်တယ် ပြင်းထန်စွာတက်သောသွေးတိုးနဲ့ သာမှန်ဆိုပြီး ဆေးပညာအရ ခွဲတယ် ပေါ့နော် ။ ၁၄၀ - ၉၀ ကနေ ၁၆၀ - ၁၀၀ ကို ကျွန်တော် Grade one လို့ခေါ်တယ် ။ ၁၆၀-၁၀၀ ရဲ့အပေါ်ဆိုရင် Grade two လို့ခေါ်တယ် ။ တစ်ချို့ဆို ၁၈၀-၁၁၀ အပေါ်ဆိုလို့ရှိရင် Grade three ခေါ်တယ်ပေါ့။ ထားပါတော့ ပထမဆုံးကျွန်တော် အဲ့ဒီ Grade ကိုမပြောခင်မှာ အဲ့ဒီသွေးပေါင်ချိန်မှန်လားဆိုတာ ပြန်ကြည့်ရသေးတယ်။   လောကကြီးမှာ သွေးတိုးရောဂါ ရှိမရှိသိရတာ အလွယ်ဆုံးရောဂါပဲဖြစ်တယ် ။  သွေးလည်းဖောက်စရာမလိုဘူး ECG လည်းဆွဲစရာမလိုဘူး၊ ဓာတ်မှန်လည်း ရိုက်စရာ မလိုဘူး။ လောကကြီးမှာ လွယ်တဲ့ကိစ္စတွေအကုန်လုံး မှားတတ်တယ် ရှင်းရှင်းလေးပဲ အဖြေကနော်၊ နိယာမတရားက။ အဲ့ဒီတော့ ဒီလောက်တောင် လွယ်လွယ်နဲ့သိတာဆို တော့ မှားနိုင်တာပေါ့ ၊ဘာလို့ မှားနိုင်သလဲ  အဲ့ဒီပစ္စည်းကိရိယာကောင်းမှ စံချိန်ရှိဦးမှ သုံးနေကျဟုတ်ဦးမှ အမှတ်အသားတွေက တကယ့်ကိုတိကျမှ တိုင်းတဲ့သူ ကကျွမ်းကျင်ဦးမှ၊ လူနာကတိုင်းတဲ့နေရာမှာ နေတတ်ဦးမှ၊ အများကြီးပဲ ဒါကြောင့်မို့လို့ ကျွန်တော်က ၁၂၀ - ၁၀၀ ဆို အဲ့ဒီလူနာကိုခေါ်ပြီးတော့ ပြန်စစ်ဦးမှာ တက်တယ်ဆို တာ။ တက်တယ်ပဲထားတော့ သူလည်းတက်တယ် ကျွန်တော်လည်းတက်တယ် ၊ အကုန်တက်တယ် ဆိုတာတက်ပြီပေါ့ ။ သွေးပေါင်ချိန်က အဲ့ဒီလိုခဏခဏ တက်တိုင်း တချို့ဆိုသိတယ်လေ၊ နှစ်မိနစ်တစ်ခါလောက်တိုင်းတယ်၊ တိုင်းရင်းတက်၊ တိုင်းရင်း တက် အဲ့ဒီလို ဖြစ်တာကြောင့်ပေါ့နော်။ စိတ်အေးအေးထားပါ အနီးစပ်ဆုံး ဆရာဝန်နဲ့ တော့တိုင်ပင်ပါပေါ့နော်။ ကျွန်တော်တို့အကျမြန်တဲ့ ဆေးတွေရှိပါတယ် ၊ အဲ့ဒါလေးတွေ ဆရာဝန်ကရွေးပေးလိမ့်မယ် ။ ဘယ်ဆေးကတော့ ဘယ်လောက်ဆိုကျမှာဆိုတာ ချင့်ချိန်ရလိမ့်မယ်၊ ဆရာဝန်နဲ့တိုင်ပင်ဖို့တော့လိုပါတယ်။ အဲ့ဒီတော့ ပြန်ချုံ့မယ်ဆိုရင် တော့ တကယ် တက်တာမှန်ရဲ့လား၊ ကျန်တာဘာတွေ ဘာဖြစ်နေသေးလဲ၊ သေချာ အောင်တိုင်းပါဦ်း၊ တကယ်ဖြစ်တယ်ဆိုရင် နီးစပ်ဆရာဝန်နဲ့တိုင်းပါ သိပ်တော့မစိုးရိမ်ပါနဲ့  ။

မေး။ ။   သွေးတိုးတဲ့ကိစ္စပေါ့နော် ၊ လူတစ်ယောက်မှာ အဲ့ဒီလိုမျိုးဖြစ်နေပြီ ၊ ဆရာဝန်နဲ့ မပြသေးရင်တောင်မှ သူဖြစ်နေပြီဆိုတဲ့ အခါမှာ ဘယ်လိုလက္ခဏာတွေပြတတ်လည်း ဆရာ။

ဖြေ။ ။ လွယ်တာကစပြောရအောင် သွေးတိုးပေါ့ သွေးတိုးက ချုံ့ပြောမယ်ဆိုရင် များသောအားဖြင့် လက္ခဏာမပြဘူး တိုင်းမှပဲသိတယ်။ လက္ခဏာပြပြီဆိုရင် နှစ်မျိုးပြ တယ်။ တစ်မျိုးက သွေးတိုးလိုလို ဟိုလိုဘာလို လက္ခဏာများပေါ်တယ်။ ဥပမာ ဇက်ကြောထိုးတယ် ခေါင်းကိုက်တယ် ပျို့ချင်အန်ချင်နဲ့ အိပ်မပျော်ဘူး မူးတူးတူး၊ ဒါတွေက ဘာမဆိုဖြစ်တယ်၊ အိပ်ရေးပျက်လဲဖြစ်တယ်လေ၊ မိန်းမနဲ့စကားများရင်လည်း  ဖြစ်တယ်လေ။ ဒါကတော့ ဘာမှပြတ်ပြတ်သားသားမပြောနိုင်တဲ့လက္ခဏာပေါ့။ အဲ့ဒါဆိုလို့ရှိရင် သွေးချိန်ရမှာ။ နောက်တစ်ခုကတော့ သွေးတိုးလို့ပြောလည်းပြောနိုင် တယ်။ ဆုံးခန်းတိုင်လည်း ရောက်သွားတဲ့ဟာမျိုးတွေ လေဖြတ်သွားပြီ၊ နှလုံး သွေးကြောပိတ်ပါပြီ၊ ကျောက်ကပ်ပျက်ပါပြီ အဲ့ဒီကျမှသိတယ်၊ အဲ့ဒီဟာက နဲတယ်၊  အဲ့ဒီကျတော့ ဘယ်လိုမှသိမှာလည်းဆို၊ သွေးပေါင်ချိန်ရမှာ ကျွန်တော်ခုန နိဒါန်းပြောပြီး ပြီ သွေးပေါင်ချိန်စက်ကလည်း မှန်ရမယ် စဉ်းစားကြည့် လေ။ စက်မှားတယ် တိုင်းတဲ့ သူကလည်း မတော်ဘူး ၊ တိုးတဲ့သူကို မတိုးဘူး ပြောရင် ဒုက္ခ၊ မတိုးတဲ့သူ တိုးတယ်လို့ ပြောရင်လည်းဆေးတွေမှားရင် ဒုက္ခ၊ အဲ့ဒီတော့ ဒုက္ခနှစ်ခု၊ နှစ်ဖက်ရှိနေတယ်။ တိုင်းတဲ့ အခါမှာကျွန်တော်ပြောသလို ဂရုစိုက်ပေါ့နော်။ ပစ္စည်းကသေချာရမယ် တိုင်းတဲ့သူက သေချာတိုင်းရမယ် အဲ့ဒါဆိုမှန်ပြီပေါ့ အဲ့ဒီအခါကျမှပဲ သွေးတိုးလို့သိပါတယ်။ အဲ့ဒီတော့ နောက်ဆက်တွဲ သူတို့နဲ့အဖြစ်အများဆုံးကတော့ လေးခုပေါ့ တစ်ခုကတော့ လေဖြတ်တာ နောက်တစ်ခုကတော့ နှလုံးသွေးကြောပိတ်တာ၊ နောက်တစ်ခု ကတော့ နှလုံးအမောဖောက်တာ နောက်ဆုံးတစ်ခုကတော့ ကျောက်ကပ်ပျက်ဆီးတာဆိုတဲ့ လေးခု။ သွေးချိုနဲ့ အမျိုးတော်တာလည်း တစ်ပုံစံတည်းပဲ သွေးချိုကကျတော့ ပြပုံပြနည်း သုံးနည်းရှိတယ်။ တစ်နည်းက ဘာလဲဆိုတော့ သွေးချိုရဲ့လက္ခဏာတွေနဲ့ပြ တယ်။ နောက်တစ်ခုကကျတော့ သွေးချိုရဲ့နောက်ဆက်တွဲတွေနဲ့ပြတာ။ နောက်တစ်ခု ကကျတော့ ဘာမှမပြဘူး ခုနအတိုင်းပါပဲ ဆိုတော့၊ လူတစ်ယောက်က ဆီးချိုသွေးချိုရှိ လာပြီဆိုရင် များသောဖြင့်တော့  ( ၁ )ဆီးအများကြီးသွားတယ်၊ ဆီးအများကြီးသွား တော့  ညကိုခဏခဏ ထရတယ်၊ အမေတို့အဖေတို့အိမ်သာ မသွားလို့ သေးအိုးထည့် ပေးတယ်ဆိုရင် သေးကတော့လျှံနေတတ်တယ်၊ အကြီးကြီးထည့်ပေးရင်တောင် လျှံနေ တတ်တယ် ၊ သေးကပုရွက်ဆိတ်တက်နေတယ် ဆီးသွားတာများတော့ ရေငတ်တယ်၊ ရေငတ်တော့ ရေအများကြီးသောက်တယ် ၊သူက insulin မရှိတော့ သကြား ဓာတ်တွေ ထပ်ပြီးမသုံးနိုင်တော့ဘူး၊ မောပန်းလွယ်တယ် ၊ သူများတွေနဲ့ယှဉ်ပြီး အလုပ် မလုပ်နိုင် တော့ဘူး၊ သူကခန္ဓာကိုယ်မှာရှိတဲ့အဆီတွေကို ခြေဖျတ်ပစ်လိုက်တယ်လေ၊ ပိန်သွား တယ်။ ဒါက သူ့ရဲ့လက္ခဏာတွေပဲပေါ့၊ အဲ့ဒီလူဆို ဘာလုပ်တယ်မှတ်လဲ ဆီးကို လျှာနဲ့ လျှက်ကြည့်တယ် အရင်တုန်းကလည်း အဲ့ဒီလိုလုပ်ခဲ့ဖူးတယ်၊ ခုတော့မဟုတ် တော့ဘူး ပေါ့ ၊ ပြီးတော့ ချိုတယ်ဆိုရင် ဒါကဆီးချို ။ ဒါကအရင်တုန်း ကပေါ့ အခုတော့သွားပြီး မလျှက်ပါဘူး၊ ဒါကဘာလဲဆိုတော့ ဆီးချိုရောဂါရဲ့ သီးသန့် ထင်ရှားတဲ့လက္ခဏာပေါ့။ ဒုတိယအုပ်စုက နောက်ဆက်တွဲ အင်မတန်ကြောက်စရာ ကောင်းတယ် ကြောက်စရာ ကောင်းမှန်း လူတွေလည်းသိတယ်၊ ဆီးချိုလို့ပြောပြီးရင်   စကားတောင်ပြန်မပြောနိုင် တဲ့လူရှိတယ်၊ ငိုတဲ့လူတွေတွေ့တယ် ဘာဖြစ်လို့လည်း ဆီးချိုရောဂါ ဆိုးမှန်းသိတယ် ကိုယ်တွေ့ရှိတယ် ကိုယ်တွေ့ဆိုတာ သူ့အဖေ သူ့အမေ ကျောက်ကပ်ပျက်လို့ မောပြီး ကျောက်ကပ်ဆေးပြီးရင် ပိုက်ဆံလည်းကုန်ပြီ အဲ့ဒါသူတွေ့ဖူးတယ် ။ အဖွားခြေထောက် ဖြတ်တာသူမြင်ဖူးတယ်၊ အဲ့ဒီတော့ သူဘာဖြစ်လည်း သူကြောက်တယ်၊ ဒါလောက်ဆို ရင် ဆီးချိုက ဘယ်လောက်ထိအောင် လူကို နှိပ်စက်တယ်ဆိုတာကို သိလောက်ပြီနော်။ အဲ့ဒီတော့ နှိပ်စက်ပုံလေးတွေ ပြောဦးမယ် တစ်ခုကတော့ ရောဂါပိုးဝင်လွယ်တယ် အမျိုးသမီးတွေဆိုရင်ဆီးထဲမှာ ပိုးဝင်တယ်၊ အနာတွေဖြစ်တယ် အနာအကျက်မလွယ် ဘူး။ အဆိုးဆုံးက တီဘီဝင်တယ် မြန်မာနိုင်ငံဆို တီဘီရောဂါအဖြစ်များနေတဲ့ နိုင်ငံထဲ မှာတစ်ခုပါတယ် ။ နောက်တစ်ခုက ဘာလဲဆိုတော့ အဖွားကြီးတွေပေါ့နော် သူတို့ ဘာပြောလဲဆိုရင် မိန်းမကိုယ်ယားတယ်၊ မိန်းမကိုယ်က အဖြူဆင်းတော့ သားဖွား မီးယပ်သွားပြတယ်၊ သွားပြတော့ သိတာပေါ့၊ ဆီးချိုဖောက်လိုက်ရုံပဲ မြင့်တယ်ဆိုရင် ကျွန်တော်တို့ဆီပြန်လွှတ်တာပေါ့၊ ဒါကတစ်ပိုင်း။ ဒီလိုနဲ့သိသွားတယ်၊ နောက်တစ်ခုက ဘာလဲဆိုတော့ သူ့ရဲ့နောက်ဆက်တွဲပေါ့၊ နောက်ဆက်တွဲက နှစ်ခုရှိတယ်၊ တစ်ခုက အက်ဆစ် ပေါ့ ၊ ခန္ဓာကိုယ်ရဲ့ သွေးကြောအကြီးတွေကိုလိုက်ထိတာ သွေးကြောအကြီး ဆိုတော့ ဦးနှောက်သွေးကြောကအကြီး၊ နှလုံးသွေးကြောကသွေးကြောအကြီး၊ ခြေထောက်သွေးကြောက သွေးကြောအကြီး၊ အဲ့ဒီသုံးခု၊ အဲ့ဒီတော့ ဦးနှောက်သွေး ကြောထိတော့လေဖြတ်တယ်၊ နှလုံးသွေးကြော ပိတ်တယ်၊ ခြေထောက်သွေးကြော ထိတော့ ခြေထောက်ပုပ်တယ်၊ သုံးခု။ နောက်တစ်ခုက ခန္ဓာကိုယ်ရဲ့ သွေးကြောငယ် လေးတွေလိုက်ထိတာ အဲ့ဒီသွေးကြောငယ်တွေက ဘယ်မှာများလည်းဆိုရင် ကျောက်ကပ်မှာများတယ် မျက်လုံးမှာများတယ် မျက်လုံးဆိုတာ ကျွန်တော့ရှေ့က မျက်လုံးမဟုတ်ဘူး၊ နောက်မှာရှိတဲ့ မျက်ကြည်လွှာ။ နောက် တစ်ခု အာရုံကြောတွေမှာ များတယ်၊ သူတို့သုံးခုထိပြန်ရော မျက်စိကန်းတယ် ။ ကျောက်ကပ်ပျက်တယ် အာရုံကြော ချိနဲ့ ထုံကျဉ် ကိုက်ခဲ အိပ်ရာမှာလဲ အဲ့ဒီလိုဖြစ်တာ။ ခြောက်ခု။ ဘယ်ဟာ ကောင်းတာတွေရှိလဲ ဘာမှမကောင်းဘူး တစ်ခုမှမကောင်းဘူး။ ဒါကြောင့် မို့လို့ခုန ပြောတဲ့အခါကျတော့  ဘယ်လိုသိနိုင်လဲဆိုတာ နောက်ဆက်တွဲနဲ့ သိနိုင်တယ်။ အရေးကြီးဆုံးအခန်းရောက်ပြီ ဘာလဲဆိုတော့ ဘာမှမဖြစ်ဘဲနဲ့ အထဲမှာ ရှိနေပြီး ဘာမှမခံစားရတော့ မသိတာပေါ့၊ ဒါကြောင့်မို့လို့ အဲ့ဒါကို ဘာလို့ခေါ်လည်း ဆိုရင်တော့   လက္ခဏာမပြတဲ့ ဆီးချိုသမားလို့ခေါ်တယ်။ အဲ့ဒီတော့ သူတို့ကို သိဖို့ လိုတယ်၊ ဘာလဲ ဆိုတော့ လူတစ်ယောက်သည် ကိုယ့်မှာ ရှိကိုရှိလျက်နဲ့ မရှိဘဲ မသိဘဲဖြစ်နေနိုင်တယ်၊ အဲ့ဒီတော့ ဘာလုပ်ရမှာလည်း စစ်ပါ၊ ကျန်းမာသောနေထိုင်မှုနဲ့ နေပါ ၊ အချိန်ကန့်သတ် ပြီးတော့စစ်ပါ။ ကျွန်တော်တို့မှာ သတ်မှတ်ချက်တွေရှိပါတယ်၊ ဝ ရင်စစ်ရမယ်ဗျာ၊၄၅နှစ် ကျော်ရင် စစ်ရမယ်ဗျာ၊ မိသားစုထဲမှာ ဆီးချိုရှိတယ်ဆိုရင် စစ်ရ မယ်ဗျာ၊ သွေးတိုးရှိရင် စစ်ရမယ် အဆီများရင်စစ်ရမယ် လေ့ကျင့်ခန်းမလုပ်ရင်စစ်ရမယ် ၊ သူ့မှာသတ်မှတ်ချက် တွေရှိတယ်၊ ဆရာဝန်ကရှင်းပြလိမ့်မယ်။ ကိုယ်ဝန်ဆောင်တုန်းက ဆီးချိုရှိခဲ့ဖူးတယ်ဗျာ အဲ့ဒါဆိုစစ်ပါ ကျွန်တော်ကတော့ အဲ့ဒါထက်တောင်ပိုစေချင်တယ် ။ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာ ဆီးချိုစစ်တာ ဘယ်လောက်မှ ကုန်ကျတာမဟုတ်ဘူး၊ ကြောက်စရာ ကောင်းတဲ့ရောဂါတွေကို သိတာဆိုတော့ ကြုံသလိုစစ်စေချင်တယ်၊ ကြုံသလိုစစ်တယ် ဆိုတော့ နေ့တိုင်းတော့မစစ်နဲ့ပေါ့၊ ကြုံသလို ၆ လ တစ်ခါ၊ တစ်နှစ် တစ်ခါ၊ ကြားထဲမှာ ထူးခြားရင်ပြန်စစ်၊ ၄၅ နှစ်ကျော်ရင် စစ်ပါပေါ့နော်။   ။

 ( မဇ္စျျိမ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly