နှစ်နိုင်ငံတင်းမာမှုကြောင့် ပထမအကြိမ် အိုဘားမားနှင့် ပူတင် တွေ့ဆုံမည်

နှစ်နိုင်ငံတင်းမာမှုကြောင့် ပထမအကြိမ် အိုဘားမားနှင့် ပူတင် တွေ့ဆုံမည်

ဝါရှင်တန်၊ စက်တင်ဘာ-၂၅ ။                ။ နှစ်နိုင်ငံကြား တင်းမာမှု မြင့်မားနေချိန်တွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် ရုရှသမ္မတ ဗလာဒီမီယာ ပူတင်တို့နှစ်ဦးမှာ လာမည့်ရက်သတ္တပတ်တွင် ကုလ အထွေထွေညီလာခံ၏ ဘေးပန်းအနေဖြင့် တွေ့ဆုံကြမည်ဖြစ်သည်။

မော်စကို-ဝါရှင်တန်ဆက်ဆံရေးမှာ ယူကရိန်းအကျပ်အတည်းနှင့် ဆီးရီးယားမှ အခြေအနေများနှင့် ပတ်သက်၍ စစ်အေးခေတ်နောက်ပိုင်း အနိမ့်ဆုံးအထိ ကျဆင်းသွားချိန်တွင် ယခုကဲ့သို့  နှစ်နိုင်ငံသမ္မတနှစ်ဦး တွေ့ဆုံမည်ဖြစ်ကြောင်း နှစ်ဖက်စလုံးမှ အတည်ပြုလာခဲ့သည်။

အိုဘားမားနှင့် ပူတင်ကြား ယူကရိန်းကို အဓိကထားဆွေးနွေးကြလိမ့်မည်ဟု အိမ်ဖြူတော်က ပြောကြားသော်လည်း မော်စကိုကမူ သမ္မတနှစ်ဦးမှာ ဆီးရီးယားကိစ္စကို အာရုံစိုက်ဖွယ်ရှိသည်ဟု ပြောကြားခြ့သည်။

''ဆီးရီးယားပြဿနာကို အဓိကထား ဆွေးနွေးလိမ့်မယ်''ဟု ရုရှသမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ်က စက်တင်ဘာ၂၄ရက်နေ့က ပြောကြားခဲ့သည်။ ယူကရိန်းအကျပ်အတည်းကိုရော ဆွေးနွေးမည်လားဟု မေးမြန်းသည့်အခါတွင်မူ အချိန်ရရင် ဆွေးနွေးဖြစ်ပါလိမ့်မယ်ဟု ၎င်းက ပြန်ည်ဖြေကြားခဲ့သည်။

ယူကရိန်းအရှေ့ပိုင်းမှ ရုရှလိုလားသူများကို တိုက်ထုတ်ရန်အတွက် အမေရိကန်က ယူကရိန်းတပ်ဖွဲ့များကို လေ့ကျင့်ပေးနေသကဲ့သို့ ဆီးရီးယားအစိုးရကို တိုက်ပွဲဝင်နေသည့် လက်နက်ကိုင်စစ်သွေးကြွများကိုလည်း ဝါရှင်တန်က ကျောက်ထောက်နောက်ခံပေးနေသည်။

ရုရှမှာ နှစ်နိုင်ငံစလုံးတွင် စစ်ရေးအရ ပါဝင်ပတ်သက်နေသည်ဟု အမေရိကန်က စွပ်စွဲနေသော်လည်း မော်စကိုကမူ စွပ်စွဲချက်များကို ငြင်းဆန်ထားပြီး ဆီးရီးယားအကျပ်အတည်းကို သံတမန်နည်းအရ အဖြေရှာရန်သာ တိုက်တွန်းတောင်းဆိုနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly