အင်စတာဂရမ်မှာ Followers အများဆုံးဖြစ်တဲ့ ဆယ်လီနာဂိုးမက်ဇ်ရဲ့ နေရာကို သိမ်းပိုက်လိုက်တဲ့ စီရော်နယ်လ်ဒို

အင်စတာဂရမ်မှာ Followers အများဆုံးဖြစ်တဲ့ ဆယ်လီနာဂိုးမက်ဇ်ရဲ့ နေရာကို သိမ်းပိုက်လိုက်တဲ့ စီရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ ကမ္ဘာမှာ ၁ ဘီလီယံကျော်လောက်အသုံးပြုတဲ့ လူမှုကွန်ရက် အင်စတာဂရမ်မှာ Followers (ပရိသတ်) အများဆုံးဖြစ်သူ ဆယ်လီနာဂိုးမက်ဇ်ကို ကျော်တက်ပြီး Followers အများဆုံးပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်စူပါစတားဟာ မိသားစုပုံတွေကို တင်နေကျ အင်စတာဂရမ်မှာ Followers ပေါင်း ၁၄၄.၄ သန်းရှိနေပါတယ်။ သူဟာ အင်စတာဂရမ်မှာ Followers ၁၄၄.၃ သန်း ရှိတဲ့ အမေရိကန် ပေါ့စတား ဆယ်လီနာဂိုးမက်ဇ်ကို ကျော်တက်ပြီး ထိပ်ဆုံးနေရာကို ရယူခဲ့တာပါ။

အသက် ၂၆ နှစ်ရှိ ကမ္ဘာ့ကျော် ပေါ့အဆိုတော် ဆယ်လီနာဂိုးမက်ဇ်ဟာ ၂၀၁၆ ကတည်းက အင်စတာဂရမ်မှာ Followers အများဆုံးဆိုတဲ့ သရဖူဆောင်းခဲ့ပြီး ပြီးခဲ့တဲ့ ၂ နှစ်အတွင်း သူမကို ဘယ်သူမှ မယှဉ်နိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ မုဒိမ်းမှုစွပ်စွဲချက်ကြောင့် အမှုရင်ဆိုင်နေရပေမယ့်လည်း သူ့ရဲ့ ပုံရိပ်ကို ထိခိုက်စေခြင်း လုံးဝမရှိဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

အင်စတာဂရမ်မှာ ရော်နယ်လ်ဒိုရဲ့နောက် Followers အများဆုံးကစားတစ်ဦးကတော့ ဘရာဇီးနဲ့ ပီအက်စ်ဂျီကြယ်ပွင့် တိုက်စစ်မှူး နေမာဖြစ်ပြီး Followers ပေါင်း ၁၀၄ သန်းနဲ့ Followers အများဆုံးထိပ်ဆုံး (၁၀)ဦးစာရင်းမှာ အဆင့် ၉ နေရာမှာရှိနေပါတယ်။

ရော်နယ်လ်ဒိုရဲ့ ပြိုင်ဘက် မက်ဆီကတော့ Followers သန်း ၁၀၀ နဲ့ ထိပ်ဆုံး (၁၀)ဦးစာရင်းရဲ့ ပြင်ပမှာ ရှိနေပါတယ်။

ရော်နယ်လ်ဒိုဟာ ဒီရာသီမှာ ဂျူဗင်တပ်စ်အသင်းအတွက် စီးရီးအေ (၁၀) ပွဲကစားထားရာမှာ သွင်းဂိုး (၇) ဂိုးကို ရယူပေးထားပြီး ဂိုးဖန်တီးမှု (၄) ကြိမ်အထိ ပြုလုပ်ပေးထားပါတယ်။

အင်စတာဂရမ်မှာ Followers အများဆုံးထိပ်ဆုံး (၁၀)ဦးစာရင်း

၁။ ခရစ္စတီယာနို ရော်နယ်လ်ဒို - Followers ၁၄၄.၄ သန်း
၂။ ဆယ်လီနာဂိုးမက်ဇ် - Followers ၁၄၄.၃ သန်း
၃။ အာရီယာနာဂရန်ဒီ - Followers ၁၃၂ သန်း
၄။ ကင်မ်ကာဒါရီယန် - Followers ၁၂၀ သန်း
၅။ ဘီယွန်ဆေး - Followers ၁၁၉ သန်း
၆။ ဒွိန်းဂျွန်ဆင် The Rock – Followers ၁၁၉ သန်း
၇။ ကိုင်လီဂျန်နာ - Followers ၁၁၇ သန်း
၈။ တေလာဆွစ်ဖ် - Followers ၁၁၂ သန်း
၉။ နေမာ - Followers ၁၀၄ သန်း
၁၀။ ဂျပ်စတင်ဘီဘာ - Followers ၁၀၂ သန်း

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly