Miss South East Asia Tourism Ambassadress 2015 ပြိုင်ပွဲ ဝင်ပြိုင်မည့် မြန်မာအလှမယ် နှစ်ဦး စခန်းသွင်းလေ့ကျင့်နေပြီ

Miss South East Asia Tourism Ambassadress 2015 ပြိုင်ပွဲ ဝင်ပြိုင်မည့် မြန်မာအလှမယ် နှစ်ဦး စခန်းသွင်းလေ့ကျင့်နေပြီ

ရန်ကုန်၊ စက်တင်ဘာ ၂၅ ။        ။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အောက်တိုဘာ ၂ရက်၌ ကျင်းပမည့် Miss South East Asia Tourism Ambassadress 2015 ပြိုင်ပွဲ အတွက် မြန်မာနိုင်ငံမှ အလှမယ် နှစ်ဦးသည် မလေးရှားနိုင်ငံရှိ Sunway Resort and Spa ၌ ပြိုင်ပွဲ အတွက် စခန်းသွင်း လေ့ကျင့်မှုများ စတင် ပြုလုပ်နေပြီ ဖြစ်သည်။

Miss South East Asia Tourism Ambassadress 2015 ပြိုင်ပွဲ အတွက် Style Plus H မှ Miss South East Asia Myanmar နှင်းနဒီချို နှင့် ရှင်ပြည့်စုံထက်တို့ကို မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရန် ရွေးချယ် စေလွှတ်ခြင်း ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် ပြိုင်ပွဲအတွက် လိုအပ်သည့် သင်ကြားမှုများကို မြန်မာနိုင်ငံတွင် ဖိလစ်ပိုင်မှ ဆရာများဖြင့် လေ့ကျင့် သင်ကြားခဲ့သေးသည်။

Miss South East Asia Tourism Ambassadress 2015 ပြိုင်ပွဲတွင် အာဆီယံ ၁၀ နိုင်ငံမှ ဝင်ပြိုင်ကြမည်ဖြစ်ပြီး အလှမယ်များသည် ပြိုင်ပွဲအတွက် စခန်းသွင်း လေ့ကျင့်မှုများ၊ နိုင်ငံကိုယ်စားပြု ဝတ်စုံ ယှဉ်ပြိုင်မှုများ ပြုလုပ်နေကြပြီ ဖြစ်သည်။

Miss South East Asia Myanmarက ယခုပြိုင်ပွဲကို ပထမဆုံး အကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းလည်းဖြစ်သည်။

Miss South East Asia Myanmar အလှမယ် နှင်းနဒီချိုအတွက် National Costume ကို ဒီဇိုင်နာ စိုင်းဇွဲထက်က စီစဉ် ပေးထားပြီး အလှမယ် ရှင်ပြည့်စုံထက် အတွက် National Costume ကို ဒီဇိုင်နာ စူဇန်က စီစဉ်ပေးထားသည်။

ပြိုင်ပွဲတွင် Miss South East Asia Tourism Ambassadress ဆု၊ Miss South East Asia Tourism Ambassadress 1st runner up, 2nd runner up ဆု တို့ကို ချီးမြှင့်မည် ဖြစ်သည်။

Miss South East Asia Tourism Ambassadress 2015 ပြိုင်ပွဲ ဖိုင်နယ်ပွဲကို အောက်တိုဘာ ၂ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Sunway Resort Hotel & Spa Grand Lagoon Ballroom ၌ ကျင်းပ ပြုလုပ် သွားမည်ဟု သိရသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly