သထုံတွင် မြေငှားဂရန် ရွာလုံးကျွတ်ထုတ်ပေး

သထုံတွင် မြေငှားဂရန် ရွာလုံးကျွတ်ထုတ်ပေး

မွန်ပြည်နယ်၊ သထုံမြို့နယ် ပေါ်တော်မူကျေးရွာအုပ်စု ဂျိုင်းရွာ တစ်ရွာလုံးအတွက် နှစ် ၃၀ မြေငှားဂရန် များကို စက်တင်ဘာ ၂၄ရက်က ကျေးရွာ ပေါ်တော်မူ ရွှေဆံတော်စေတီတော် ရင်ပြင်တော်ပေါ်ရှိ ဓမ္မာရုံတွင် ထုတ်ပေးခဲ့သည်။

"သထုံမြို့နယ်ထဲမှာ ဒီရွာက ပထမဆုံးစံပြ အနေနဲ့ ထုတ်ပေးတာဖြစ်ပြီးတော့ အခြားကျန်ရှိသေးတဲ့ရွာတွေကိုလည်း ထုတ်ပေးဦးမှာဖြစ်ပါတယ်"ဟု သထုံခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။

နှစ် ၃၀ မြေငှားဂရန်ကို ဂျိုင်းရွာမှ ဒေသခံ ၉၂ဦးအတွက် ၉၂စုံကို တစ်ဦးချင်းစီအား ပေးခဲ့အပ်ခဲ့သည်ဟု သိရသည်။ အခမ်းအနားတွင် သထုံခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင် နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်ဟု သိရသည်။

Ref: သထုံပြန်/ဆက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly