မီးခိုးငွေ့များကြောင့် စင်ကာပူတွင် ကျောင်းများ ပိတ်ထားရ

မီးခိုးငွေ့များကြောင့် စင်ကာပူတွင် ကျောင်းများ ပိတ်ထားရ

စင်ကာပူ၊ စက်တင်ဘာ ၂၅ ။ ။ အိမ်နီးချင်း အင်ဒိုနီးရှားတွင် တောမီးများ လောင်ကျွမ်းရာမှ ထွက်လာသည့် မီးခိုးများကြောင့် စင်ကာပူတွင် စက်တင်ဘာ ၂၅ ရက်က ကျောင်းများ ပိတ်လိုက်ရသည့်အပြင် လေဟာပြင်တွင် ကျင်းသည့် အခမ်းအနားကိုလည်း ကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

စင်ကာပူမြို့တော်အတွင်း မီးခိုးပမာဏသည် နံနက် ၅နာရီခန့်က ယခုနှစ်အတွင်း အဆိုးဆုံးအဖြစ် အဆင့် ၃၄၁ သို့ ရောက်ရှိခဲ့ပြီး နံနက် ၁၀ နာရီခန့်တွင် ၂၅၆ သို့ ကျဆင်းသွားသည်။ အဆင့် ၃၀၀ နှင့်အထက်သည် အန္တရာယ်ရှိသည့် အဆင့်ဖြစ်ပြီး အဆင့် ၂၀၁ နှင့် ၃၀၀ သည် ကျန်းမာရေး ထိခိုက်စေသည့် အဆင့်ဖြစ်သည်။  

"အခုလို မီးခိုးတွေ ကြာနေမယ်ဆိုရင် လက်လီအရောင်းအဝယ်နဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေက ဝင်ငွေတွေ ကျဆင်းပြီး စင်ကာပူကို ဝင်ရောက်မယ့် နိုင်ငံခြားဧည့်သည်တွေအနေနဲ့ ခရီးစဉ်တွေကို ဖျက်သိမ်းသွားနိုင်ပါတယ်" ဟု စီးပွားရေးပညာရှင်တစ်ဦးဖြစ်သူ ဝေဟိုလောင်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly