Super Junior အဖွဲ့ဝင် ကွမ်ဟန် ပထမဆုံးအကြိမ် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်သွားမည်

Super Junior အဖွဲ့ဝင် ကွမ်ဟန် ပထမဆုံးအကြိမ် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်သွားမည်

တောင်ကိုရီးယား အမျိုးသား အဆိုတော်အဖွဲ့ Super Junior အဖွဲ့ဝင် ကွမ်ဟန်သည်  ယခုနှစ် တွင် ပထမဆုံးအကြမ် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း SM ဖျော်ဖြေရေး ကုမ္ပဏီက ထုတ်ဖော် ပြောကြားသည်။

ဂျောင်ဟွန်းနှင့် တေးယွန်တို့သည်လည်း တစ်ကိုယ်တော် ဖျော်ဖြေပွဲများ ပြုလုပ်သွားမည်ဟု ထုတ်ဖော် ကြေညာခဲ့ပြီးနောက် ယခုအခါ SM ဖျော်ဖြေရေး ကုမ္ပဏီက ကွမ်ဟန်သည်လည်း ပထမဆုံး အကြိမ် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသည်။

ယင်းဖျော်ဖြေပွဲသည် SM၏ မကြာသေးမီက ပြုလုပ်ခဲ့သော ဖျော်ဖြေရေးအစီစဉ် The Agit  ၏ အစိတ်အပိုင်း တစ်ရပ်လည်း ဖြစ်သည်။ Fall Again အမည်ရှိ အဆိုပါ ဖျော်ဖြေပွဲကို SMTOWN အားကစားရုံတွင် နိုဝင်ဘာ ၆ ရက်မှ ၈ ရက်အထိနှင့် ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။

အဆိုပါ ဖျော်ဖြေပွဲသည် အောင်မြင်မှု ရရှိမည်ဟု မျှော်မှန်းထားကြောင်းနှင့် ပြီးခဲ့သည့်နှစ်က ထွက်ရှိခဲ့သော ကွမ်ဟန်၏ ပထမဆုံး တစ်ကိုယ်တော် တေးအယ်လ်ဘမ် AT Gwanghwamun သည်အောင်မြင်မှု ရှိခဲ့ပြီးနောက် ကွမ်ဟန်သည် ပရိသတ်များ၏ အားပေးမှုကို ရရှိခဲ့သည်။ လက်မှတ်များကို Yes24 အွန်လိုင်းမှတစ်ဆင့် အောက်တိုဘာ ၁ ရက် ည ၈ နာရီအချိန်တွင် စတင်ရောင်းချပေး သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly