ရွန်းနီရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ မေဂျာလိဂ်ဖလား play-offs ကစားခွင့်ရရှိခဲ့တဲ့ ဒီစီယူနိုက်တက်

ရွန်းနီရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ မေဂျာလိဂ်ဖလား play-offs ကစားခွင့်ရရှိခဲ့တဲ့ ဒီစီယူနိုက်တက်
(ဓာတ်ပုံ - DC United)

မနေ့ညက အမေရိကန် မေဂျာလိဂ်ဘောလုံးပြိုင်ပွဲမှာ ဒီစီယူနိုက်တက်အသင်းက နယူးယောက်စီးတီးအသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ကစားခဲ့ပြီး ဒီစီအသင်းအတွက် ရွန်းနီက ၂ ဂိုးသွင်းယူပေးခဲ့သလို အသင်းဟာလည်း Play Off ကစားခွင့် နေရာကို အမိအရဆုပ်ကိုင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အသက် ၃၂ အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်းဟာ ဒီစီယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို ၈ မိနစ်၊ ဒုတိယဂိုးကို ပင်နယ်တီကတစ်ဆင့် ၇၄ မိနစ်တို့မှာ သွင်းယူခဲ့ပါတယ်။ ဒါ့ကြောင့် ဝိန်းနီဟာ မေဂျာလိဂ်ပြိုင်ပွဲမှာ ၁၉ ပွဲကစား၊ ၁၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှုအနေနဲ့လည်း ၇ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။

ဒီစီယူနိုက်တက်အသင်းဟာ အမှတ်ပေးပြိုင်ပွဲမှာ ပထမဆုံး ၁၄ ပွဲမှာ ၂ ပွဲသာ အနိုင်ရခဲ့ပေမယ့် သူတို့ဟာ အခုဆိုရင် ၉ ပွဲဆက် ရှုံးပွဲမရှိ ကစားနိုင်ခဲ့ပြီး နောက်ဆုံး ၅ ပွဲ အနိုင်ရရှိခဲ့ပါတယ်။

ရွန်းနီဟာ ဇွန်လက မန်ယူအသင်းမှ အဲဗာတန်အသင်းသို့ ပြောင်းရွှေ့ခဲ့တဲ့အချိန်က ဒီစီအသင်းဟာ Eastern Conference အမှတ်ပေးဇယားအောက်နားမှာ ရပ်တည်နေခဲ့ပါတယ်။

ဒီစီအသင်းဟာ အခုဆိုရင်တော့ ၂၀၁၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဇယား ၅ နေရာအထိ တက်ရောက်လာနိုင်ခဲ့ပြီး မေဂျာလိဂ်ဖလား play-offs ကစားခွင့်အတွက် သေချာသွားပြီဖြစ်ပါတယ်။

ဒီစီအသင်းဟာ အမှတ်ပေးနောက်ဆုံးပွဲစဉ်အဖြစ် လာမယ့် တနင်္ဂနွေနေ့မှာ ချီကာဂိုဖားယားအသင်းနဲ့ ကစားရမှာဖြစ်ပြီး အနိုင်ရရှိခဲ့ပါက အဆင့် ၃ နေရာအထိ အမြင့်ဆုံးတက်လမ်းနိုင်ခွင့်ရှိသလို play-off ပွဲစဉ် ပထမအကျော့အတွက် အိမ်ကွင်းမှာ စတင်ကစားခွင့်လည်းရှိနေပါသေးတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly